အောင်လံမြို့နယ်တွင် နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ကုန်းဘောင်ခေတ်လက်ရာ ဘုန်းတော်ကြီးကျောင်းအား ဒေသခံများ ရှေးမူမပျက် ပြန်လည်ပြုပြင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် လက်ပန်လှကျေးရွာ လက်ပန်လှပြကြီး ဘုန်းတော်ကြီးကျောင်းဝန်း အတွင်းရှိ သီပေါမင်း လက်ထက်က ဆောက်လုပ်ခဲ့သော ဘုန်းတော်ကြီးကျောင်းဆောင် နှစ်ဆောင်အား ရှေးဟောင်းသုတေသနဌာန၏ ခွင့်ပြုချက်ဖြင့် ဒေသခံများ စုပေါင်းကာ ရှေးမူမပျက် ပြန်လည်ပြုပြင်မွန်းမံမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
“ဒီကျောင်းရဲ့ ပထမဆုံးသော ကျောင်းထိုင်ဆရာတော်ကြီးက သီပေါမင်းနဲ့ ရှင်ပြုဘက်လို့ သိရပါတယ်။ ဒီကျောင်းဆောက်ဖို့ လက်သမားသွားတောင်းတော့ သီပေါမင်းက လက်သမားတွေစေလွှတ်ပြီး ဆောက်ခိုင်းတာပေါ့။ သက်တမ်းကို တွက်ကြည့်တော့ ၁၀၀ ကျော်သွားပြီပေါ့။ ၁၀၀ ကျော်သွားတော့ အပေါ်က ပန်းတောင်တို့၊ ပန်းဆွဲတို့က ဆွေးမြည့်နေပြီ။ ဒါကြောင့် ရပ်ရွာကလူတွေ အလှူငွေစုပြီးတော့ ပြုပြင်ဖို့လုပ်တယ်။ ပြုပြင်ခွင့်ကိုလည်း ရှေးဟောင်းသုသေတန ဌာနထံက ခွင့်ပြုချက် တောင်းခဲ့ပါတယ်။ သူတို့ကလည်း ခွင့်ပြုပါတယ်။ ရှေးမူမပျက်အောင်တော့ ဘာတွေလုပ်ရမယ် ဘာတွေမလုပ်ရဘူးဆိုတဲ့ စည်းကမ်းတွေတော့ ရှိတာပေါ့။ သူတို့ပြောတဲ့ စည်းကမ်းချက်တွေအတိုင်း ပြုပြင်နေပါတယ်” ဟု အဆိုပါ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးကုမာရက မိန့်ကြားသည်။
ယင်းဘုန်းတော်ကြီး ကျောင်းဆောင်များအား ကျွန်းသားများဖြင့် အဓိကထား တည်ဆောက်ထားပြီး ကျောင်းဆောင်များ၏ မျက်နှာကြက်များတွင် လှပသေသပ်သည့် ကနုတ်ပန်းများ ဖော်ထားကာ ကျောင်းဆောင်အတွင်းတွင်လည်း ရှေးပေစာ ပုရပိုက်စာများ အပါအဝင် ရှေးဟောင်းဆင်းတုတော်များလည်း တည်ရှိနေသေးကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
