ဦးမြဝင်း ဦးဆောင်သည့် ယခင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ငါးနှစ်သက်တမ်းအတွင်း တိုင်ကြားစာ စုစုပေါင်း ၄၆၇၅ စောင်သာရရှိပြီး သက်ဆိုင်ရာ ဥပဒေဖြင့် လူ ၅၀ ကိုသာ တရားစွဲဆို တင်ပို့နိုင်ခဲ့သော်လည်း လက်ရှိဥက္ကဋ္ဌ ဦးအောင်ကြည်၏ နှစ်နှစ်သက်တမ်းအတွင်း ကော်မရှင်ထံ တိုင်ကြားစာပေါင်း ၁၉၂၉၂ စောင် ရောက်ရှိကာ ၁၈၆ ဦးအထိ တရားစွဲဆို တင်ပို့နိုင်ခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ လစဉ်အစီရင်ခံစာများအရ သိရသည်။
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် ဖွဲ့စည်းခဲ့သည့် စစ်မှုထမ်း (အငြိမ်းစား) ဦးမြ ဝင်း ဦးဆောင်သော အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်သို့ နှစ်စဉ်ရောက်ရှိခဲ့ သည့် တိုင်ကြားစာများအဖြစ် ၂၀၁၄ ခုနှစ် တွင် တိုင်ကြားစာ ၉၆၈ စောင် ရောက်ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ၉၈၃ စောင်၊ ၂၀၁၆ ခုနှစ် တွင် ၇၁၀၊ ၂၀၁၇ ခုနှစ်၌ ၂၀၁၄ စောင်နှင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် စတင်ဖွဲ့ စည်းခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး (အငြိမ်းစား) ဦးအောင် ကြည် ဦးဆောင်သည့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ ၂၀၁၈ ခုနှစ်တွင် တိုင်ကြားစာ ၁၀၅၄၃ စောင်၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာအထိ တိုင်ကြားစာ ၈၇၄၉ စောင် ရောက်ရှိခဲ့ကြောင်း သိရသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားလာမှုများအရ ကျုးလွန်သူများအား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲတင်ရာတွင် ၂၀၁၄ ခုနှစ်၊ ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ ခုနှစ်တွင် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူများနှင့် ပြင်ပပုဂ္ဂိုလ်များကို တရားစွဲတင်ခဲ့ခြင်း မရှိဘဲ အဆင့်မြင့်အရာရှိ တစ်ဦး၊ အရာထမ်း ၁၆ ဦး၊ အမှုထမ်း ၁၇ ဦး၊ ပြည်သူ့ဝန်ထမ်း ၁၆ ဦးတို့ကို တရားစွဲတင် ခဲ့ခြင်းဖြစ်သည်။
၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တွင်မူ အတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားလာမှုများအရ ကျုးလွန်သူများအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲတင်ရာ၌ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူများနှင့် ပြင်ပပုဂ္ဂိုလ်များကိုပါ တရားစွဲတင်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း တိုင်ကြားစာ စောင်ရေ ၁၀၀ အတွက် ၁၈၆ ဦးကို တရားစွဲတင်ခဲ့ခြင်းဖြစ်သည်။
၂၀၁၈ ခုနှစ်အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အနေဖြင့် ၄၆ ဦး အရေးယူနိုင်ခဲ့ကာ အဆိုပါ အရေးယူ ခံရသူများတွင် နိုင်ငံရေးအရ အာဏာရှိသူတစ်ဦး၊ အဆင့်မြင့်အရာရှိကိုးဦး၊ အရာထမ်း ၁၃ ဦး၊ အမှုထမ်း ၁၇ ဦး၊ ပြည်သူ့ဝန်ထမ်း ခြောက်ဦး စုစုပေါင်း ၄၆ ဦးကို အရေးယူခဲ့သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး၊ တားဆီးကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ စစ်ဆေးရေးမှူးချုပ် ဦးသန့်ဇော်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာအထိ စုံစမ်းစစ်ဆေးခဲ့သည့် တိုင်ကြားစာ ၈၃ စောင် နှင့် ၂၀၁၈ ခုနှစ်တွင် စုံစမ်းစစ်ဆေးဆဲ တိုင်ကြားစာ ၁၇ စောင် စုစုပေါင်း တိုင်ကြားစာ ၁၀၀ အပေါ် အရေးယူ ဆောင်ရွက်မှုများပြုရာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ တရားစွဲတင်ခဲ့သည့် တိုင်ကြားစာ ၄၅ စောင်မှ တရားစွဲတင်ခဲ့သည့် ဦးရေ ၇၄ ဦး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃၀ (ခ) ဝန်ထမ်း စည်းမျဉ်းစည်းကမ်းအရ အရေးယူမှု ၁၉ စောင်မှ ဝန်ထမ်း ၇၁ ဦး၊ သက်ဆိုင်သည့် ဥပဒေဖြင့် အရေးယူပေးရန် အကြောင်းကြားသည့် တိုင်ကြားစာ လေးစောင်မှ တရားစွဲတင်ခဲ့သည့် လူဦးရေ ၄၁ ဦး စုစုပေါင်း ၁၈၆ ဦးရှိခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် ငြိစွန်းသည့် အထောက်အထား စစ်ဆေးပေါ်ပေါက်ခြင်း မရှိသည့် တိုင်ကြားစာ လေးစောင်နှင့် စုံစမ်းစစ်ဆေးဆဲဖြစ်သည့် တိုင်ကြားစာ ၂၈ စောင် ရှိနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
