၂၀၁၈ ခုနှစ် စက်တင်ဘာမှ ၂၀၁၉ ခုနှစ် အောက်တိုဘာအထိ အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်လျက်ရှိသည့် ပြည်နယ်/တိုင်းဒေသကြီး ကိုးခုတွင် တရားမဝင် ကုန်သွယ်မှုများမှ ဖမ်းဆီးရမိမှုမှာ ကျပ် ၁၅ ဒသမ ၆ ဘီလျံခန့်ရှိကြောင်း စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။
ဒီဇင်ဘာ ၂ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် (၉) မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက နိုင်ငံတော်၏ စီးပွားရေးကဏ္ဍတွင် illicit trade/conflict Economy (အထူးသဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှု) ကို မည်ကဲ့သို့ ထိန်းချုပ်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့သည့်အပေါ် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် လက်ရှိအစိုးရ အနေဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် မဏ္ဍိုင်ငါးရပ်ပါဝင်သည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း ၂၀၁၈-၂၀၃၀ ကို အကောင်အထည် ဖော်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ အဂတိလိုက်စားမှု ပပျောက်ရေး၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး၊ စီးပွားရေး လုပ်ငန်းများ ထွန်းကားလာရေးအတွက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
“တရားမဝင် ကုန်သွယ်မှု တားဆီးရေးနဲ့ ပတ်သက်လို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ထိစပ်လျက်ရှိတဲ့ ပြည်နယ်/တိုင်းဒေသကြီး ကိုးခုမှာ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့တွေကို ဖွဲ့စည်းပြီး တားဆီးမှုတွေကို ပြုလုပ်လျက်ရှိပါတယ်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလကနေ ၂၀၁၉ ခုနှစ် အောက်တိုဘာလအထိ ဖမ်းဆီးရမိမှု အနေနဲ့က ကျပ် ၁၅ ဒသမ ၆ ဘီလျံကျော်ဖိုးကို ဖမ်းဆီးအရေးယူ နိုင်ခဲ့ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။
ထို့ပြင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ်ဥပဒေများနှင့်အညီ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများ၊ ဘိန်းအစားထိုး စိုက်ပျိုးရေး လုပ်ငန်းများ၊ ထိန်းချုပ်ဓာတုပစ္စည်း ကြီးကြပ်ရေးလုပ်ငန်းများ၊ ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါး ထိရောက်စွာ တားဆီးနှိမ်နင်းနိုင်ရန်အတွက် ခေတ်မီစက်ကိရိယာများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို သီးခြားဖွဲ့စည်းကာ တားဆီးလျက်ရှိပြီး မူးယစ်ဆေးဝါးမှ ရရှိသော ငွေကြေးများ၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများအား စုံစမ်းဖော်ထုတ်လျက်ရှိရာ ၂၀၁၈ ခုနှစ်တွင် ငွေကြေးခဝါချမှု ၁၀ မှုနှင့် ၂၀၁၉ ခုနှစ်တွင် ၁၆ မှုအား အရေးယူနိုင်ခဲ့ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ဗဟိုဘဏ်မှလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း ဦးအောင်ထူးက ဆိုသည်။
တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး လုပ်ငန်းများကို အစိုးရမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
