စစ်ဘေးရှောင်စခန်းများ၌ နေထိုင်ကြသူများအနေဖြင့်နေရပ်အမြန်ပြန်လိုသော်လည်း နေရပ်ပြန်ရန် အခက်အခဲများစွာရှိသေးကြောင်း ဒီဇင်ဘာ ၆ ရက်တွင် ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်၌ ပြုလုပ်သော အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲမှ သိရသည်။
အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာနှီးနှောဖလှယ်ပွဲကို ငြိမ်းချမ်းရေး အတွက် ကျား၊မတန်းတူရေးမဟာမိတ်အဖွဲ့ (AGIPP) က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
နေရပ်စွန့်ခွာသူများ၊ ဒုက္ခသည်များ နေရပ်ပြန်ရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာကိစ္စနှင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူအခြေအနေများနှင့် စိန်ခေါ်မှုများအား အဆိုပါပွဲ၌ ဆွေးနွေးခဲ့ကြသည်။
အစိုးရက နေရပ်စွန့်ခွာသူများ ပြန် လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးကိစ္စအား လုပ်ဆောင်နေသော်လည်း နေရပ်စွန့်ခွာသူများ၊ ဒုက္ခသည်များ နေရပ်ပြန်ရေးနှင့် ပြန်လည်နေရာ ချထားရေးဆိုင်ရာကိစ္စများတွင် အဓိကရင် ဆိုင်နေရသော စိန်ခေါ်မှုများမှာ အစိုးရနှင့် တာဝန်ရှိသူများက လုံလောက်သော သတင်း အချက်ပံ့ပိုးပေးခြင်းမရှိဘဲ နေရပ်ပြန်ရေးနှင့် ပြန်လည်နေရာချထားရေးအတွက် တွန်းအားပေးခြင်းများပြုလုပ်ခြင်း၊ ဒေသအတွင်း လက်နက်ကိုင်တပ်ဖွဲ့များ တပ်စွဲထားခြင်း၊ တိုက် ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်း၊ အပစ်အ ခတ်ရပ်စဲကြောင်း မကြေညာနိုင်သေးခြင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲများ မပြုလုပ်နိုင်ခြင်းနှင့် မြေမြှုပ်မိုင်းများ ရှင်းလင်းခြင်း မပြုပေးနိုင် ခြင်းတို့သည် နေရပ်စွန့်ခွာသူများ နေရပ်ထံ ပြန်နိုင်ရန် ကြီးမားသော စိန်ခေါ်မှုများဖြစ် နေကြောင်း အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံ ခြုံရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် ဆွေးနွေး ခဲ့သည်။
“စခန်းပိတ်သိမ်းရေးကို အောက်တိုဘာမှာ လုပ်ပြီဆိုတာ သတင်းကြားတယ်။လက်ရှိမှာ လုံခြုံရေးဘာမှမရှိသေးဘူး။ နှစ်ဖက်စလုံးမှာ တိုက်နေကြတယ်။ ကျွန်မတို့နေတဲ့ ရွာမှာဆိုလည်း စစ်စခန်းတွေ မရုပ်သိမ်း သေးဘူး။ ကျွန်မတို့အတွက် လုံခြုံမှုမရှိသေး ဘူး။ ငြိမ်းချမ်းရေးလည်း မရသေးဘူး။ လက် မှတ်လည်း မထိုးရသေးဘူး။ နှစ်ဖက်စလုံးက မိုင်းရှင်းလင်းရေးကို ဘယ်သူမှ တာဝန်မယူ ကြသေးဘူး။ စခန်းပိတ်သိမ်းရေးတွေ သူတို့က လုပ်နေပေမယ့် ကျွန်မတို့ကတော့ လုံးဝ မယုံသေးဘူး။ နေရပ်ကို အရမ်းပြန်ချင်တယ်။ မနက်ဖြန် ငြိမ်းချမ်းတယ်ဆိုရင် မနက်ဖြန် ပြန်ချင်တယ်။ ညသန်းခေါင် ငြိမ်းချမ်းတယ် ဆိုရင် ညသန်းခေါင်ပြန်ချင်တယ်။ ဒါပေမဲ့ တပ်စခန်းတွေက ဘာမှမဖြုတ်သေးဘူး။ စစ် အင်အားက များလာတယ်။ စစ်ပွဲတွေ ပြန်ဖြစ်နေတဲ့အတွက် ကျွန်မတို့အတွက် ပြန်ဖို့ အဆင်မပြေသေးဘူး။ လုံခြုံမှုလည်း မရှိသေး ဘူး။ ကျွန်မတို့အတွက် တာဝန်ခံမယ့်လူ၊ တာ ဝန်ယူမယ့်လူက ဘယ်သူလဲပေါ့။ ဒါကြောင့် ပြန်ဖို့ကို မဆုံးဖြတ်နိုင်သေးဘူး” ဟု ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ လယ်ကုန်း ဇီးလွန် IDP စခန်း ဒုတိယတာဝန်ခံ ဒေါ်လု ဆန်က ပြောကြားသည်။
ယင်းအပြင် ကချင်ပြည်နယ်ရှိ IDP စခန်းများတွင် အထောက်အပံ့များ လျော့ နည်းနေသည့်အတွက် ကျောင်းနေအရွယ် ကလေးများမှာ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်ခြင်းမရှိကြောင်း သိရသည်။
ပဋိပက္ခဖြစ်ပွားရာနေရာနှင့် အခြေအနေများ ကွဲပြားနေသော်လည်း တူညီသည့် အချက်မှာ အမျိုးသမီးများကို အုပ်စုဖွဲ့မုဒိမ်း ကျင့်ခြင်းအား စစ်လက်နက်သဖွယ် အသုံးပြု နေကြကြောင်း AGIPP အဖွဲ့၏ ပဲ့ကိုင်ကော်မတီဝင် ဒေါ်ခင်စိုးဝင်းက ဆွေးနွေးပွဲတွင် ပြောကြားသည်။
ငြိမ်းချမ်းရေးအတွက် ကျား/မ တန်းတူ ရေး မဟာမိတ်အဖွဲ့ (AGIPP) က ဦးဆောင် ပြုလုပ်သော နှီးနှောဖလှယ်ပွဲသို့ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ AGIPP ၏ မိတ် ဖက်အဖွဲ့အစည်းများအပါအဝင် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးလုပ်ဆောင်နေ သောအဖွဲ့အစည်း ၃၁ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
