လယ်ယာမြေနှင့် အခြားမြေများသိမ်း ဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီသို့ သုံးနှစ်အတွင်း တိုင်ကြားစာပေါင်း ၃၅၀၀ နီးပါးပေးပို့ခဲ့သော်လည်း ငါးစောင်သာ အကြောင်းပြန်ကြားကြောင်း ပြည်သူ့ လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီထံမှ သိရသည်။
အဆိုပါကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာကို ဒီဇင်ဘာ ၄ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့ခြင်းဖြစ်သည်။
အဆိုပါအစီရင်ခံစာတွင် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီအနေဖြင့် ကော်မတီသို့ ပေးပို့ထားသော တိုင်ကြားစာများအား အစိုးရဌာန၊ အဖွဲ့အစည်းများသို့ ပေးပို့ထားမှုများကို ဖော်ပြထားရာ သုံးနှစ်အတွင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ် ရေး ဗဟိုကော်မတီသို့ ပေးပို့ထားသည့်အရေ အတွက် ၃၄၈၀ တွင် ပြန်ကြားစာငါးစောင် သာရှိကြောင်း ဖော်ပြထားခြင်းဖြစ်သည်။
ထို့ပြင် အလုပ်သမားဌာနသို့ ပေးပို့စာ ၄၇ စောင်တွင် ပြန်ကြားစာ ၄၃ စောင်၊ စိုက်/မွေး/ဆည်သို့ ပေးပို့စာ ၁၁၀ တွင် ပြန်ကြား စာ ၃၁ စောင်၊ သယံဇာတ/သဘာဝဌာနသို့ ပေးပို့စာရှစ်စောင်တွင် ပြန်ကြားစာနှစ်စောင်၊ ကာကွယ်ရေးဌာနသို့ ပေးပို့စာ ၈၉ စောင်တွင် ပြန်ကြားစာခုနစ်စောင်၊ စီမံ/ဘဏ္ဍာသို့ ပေး ပို့စာနှစ်စောင်တွင် ပြန်ကြားစာတစ်စောင်၊ ပြည်ထဲရေးသို့ ပေးပို့စာလေးစောင်တွင် ပြန် ကြားစာသုံးစောင်၊ အဂတိသို့ပေးပို့စာ ၁၇ စောင်တွင် ပြန်ကြားစာ ၁၁ စောင်နှင့် လွှတ်တော်ကော်မတီသို့ ပေးပို့စာလေးစောင်တွင် ပြန်ကြားစာမရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဆက်လက်ပြီး လယ်ယာမြေနှင့် အခြား မြေများသိမ်းဆည်းခံရမှုများ ပြန်လည် စိစစ် ရေး ဗဟိုကော်မတီသို့ ပေးပို့ခဲ့ပြီးသော တိုင် ကြားစာများအား ဆက်လက်ဆောင်ရွက်မှု များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှု၊ ဆောင် ရွက်ဆဲနှင့် ဆောင်ရွက်ရန် ကျန်ကိစ္စရပ်များ ကို အဆိုပါဗဟိုကော်မတီအနေဖြင့် ပြီးစီး အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်မှုမှာ အားနည်းလျက်ရှိကြောင်းနှင့် ကော်မတီမှ ပေးပို့သော တိုင်ကြားစာများအား ဗဟိုကော်မ တီအနေဖြင့် ဖြေရှင်းဆောင်ရွက်ပြီးစီးမှု အ ခြေအနေကို ပြန်ကြားပေးနိုင်ရေးအတွက် ကော်မတီအနေဖြင့် ပိုမိုထိရောက်စွာ ဆောင် ရွက်ရန်လိုအပ်ကြောင်း ပြောကြားထားသည်။
ရောက်ရှိလာသော တိုင်ကြားစာများ အပေါ်၌သာ စိစစ်၍ သုံးသပ်၊ အကြံပြုမှတ် ချက်ပြုခြင်းများ ပြုလုပ်ရသည့်အတွက် လက်ရှိ မြေပြင်အခြေအနေနှင့် ကွဲလွဲမှုများ ဖြစ်ပေါ်နိုင်ပြီး ကွင်းဆင်းစစ်ဆေးဆောင် ရွက်မှုများ ပြုလုပ်နိုင်မည်ဆိုပါက ပိုမိုထိ ရောက်မှုများ ရှိနိုင်မည်ဖြစ်ကြောင်း၊ တိုင် ကြားစာများကို ခြုံငုံ၍သုံးသပ်ရာတွင် အချို့ တိုင်ကြားစာများမှာ ထပ်ကာတလဲလဲတိုင် ကြားခြင်း၊ မိတ္တူပေးပို့ခြင်း၊ ကော်မတီလုပ်ပိုင် ခွင့် မသက်ဆိုင်သော အကြောင်းအရာများ ပေးပို့လာခြင်းနှင့် လယ်ယာမြေသိမ်းဆည်း မှုများနှင့် သက်ဆိုင်မှုမရှိသော လယ်ယာမြေ အငြင်းပွားမှုများ၊ လယ်ပြန်ငွေပြန်ကိစ္စရပ်များ ပါဝင်နေကြောင်း တွေ့ရှိရသည်ဟု ကော်မတီ က ပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
