အိမ်ရာစီမံကိန်းများနှင့်ပတ်သက်၍ ပြည်သူများအကြား ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန်နှင့် အခြေခံလူတန်းစားများ အိမ်ရာပိုင်ဆိုင်ခွင့်ရရှိရန် အခက်အခဲများရှိနေကြောင်း အမျိုးသားလွှတ်တော်ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ကော်မတီ၏ ၂၀၁၈ ခုနှစ် မတ် ၂၁ ရက်မှ ၁၃ ကြိမ်မြောက် အမျိုးသားလွှတ်တော်ပုံမှန် အစည်းအဝေးကာလ ပြီးသည်အထိ လုပ်ငန်း ဆောင်ရွက်မှုအစီရင်ခံစာတွင် ဖော်ပြထားသည်။
ဒီဇင်ဘာ ၆ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင်အမျိုး သားလွှတ်တော်ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီ၏ အထက်ပါစီရင်ခံစာကို ကော်မတီအတွင်းရေးမှူး မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၉) မှ အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးမြမင်းဆွေက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့သည်။
ယင်းအစီရင်ခံစာတွင် ဆောက်လုပ်ရေးကဏ္ဍနှင့် စပ်လျဉ်းသည့် လေ့လာတွေ့ ချက်ခုနစ်ချက်ပါဝင်ပြီး မြို့ရွာများ စနစ်ကျစွာ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအနေဖြင့် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ်ချက်ရှိကြောင်းနှင့် မြို့နယ်ပေါင်း ၅၅ မြို့နယ်တွင် မြို့ပြဖွံ့ဖြိုး ရေးစီမံကိန်းများအား ရေးဆွဲထားပြီးဖြစ်သော်လည်း ကျန်မြို့နယ်များကိုလည်း ဆက်လက်ရေးဆွဲရန်နှင့် ရေးဆွဲပြီး စီမံကိန်းများကိုလည်း အကောင်အထည်ဖော်ရန် လိုအပ်လျက်ရှိကြောင်း ကော်မတီ၏ လေ့လာတွေ့ရှိ ချက်၌ ဖော်ပြထားသည်။
“အိမ်ရာစီမံကိန်းများနှင့်ပတ်သက်ပြီးတော့ ပြည်သူများအကြား ပွင့်လင်းမြင်သာစွာဆောင်ရွက်ရန်နှင့် အခြေခံလူတန်းစားများ အိမ်ရာပိုင်ဆိုင်ခွင့်ရရှိရန် အခက်အခဲများရှိနေကြောင်းကိုလည်း လေ့လာတွေ့ရှိ ပါတယ်” ဟု ဦးမြမင်းဆွေက လွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့သည်။
ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနအနေဖြင့် ပြည်ထောင်စုမှ စီမံခန့်ခွဲသော လမ်းပိုင်း ၁၆၇၈၇ မိုင်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ စီမံခန့်ခွဲသော လမ်းမိုင်၂၅၅၇၇ မိုင်ရှိပြီး လမ်းဦးစီးဌာနမှ စုစုပေါင်းလမ်းမိုင် ၄၂၃၆၄ မိုင် ဆောင်ရွက်နေကြောင်း၊ B.O.T စနစ်ဖြင့် ဆောင်ရွက် လျက်ရှိသော လမ်းမိုင် ၃၀၂၃ မိုင်ကို ကုမ္ပဏီ၂၅ ခုမှ ဆောင်ရွက်နေသည်ကို လေ့လာတွေ့ရှိရကြောင်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။
“ဌာနအနေဖြင့် B.O.T ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ်များကို စစ်ဆေးနိုင်မှုအားနည်းခြင်း၊ တစ်ရက်ပျမ်းမျှ ယာဉ်အစီးရေ AADT မှန်ကန်မှုရှိစေရေးအတွက် ကြပ်မတ်စစ်ဆေးရန် လိုအပ်ခြင်းတို့ လေ့လာ တွေ့ရှိရပါတယ်” ဟု ဦးမြမင်းဆွေက လွှတ်တော်သို့ တင်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
