ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ၏ ၂၀၁၉-၂၀၂၂ ခုနှစ်သက်တမ်းအတွက် အမှုဆောင်အသစ် ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၇ ရက် ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်ရုံး၌ ကျင်းပခဲ့သည်။
အဆိုပါရွေးကောက်ပွဲအခမ်းအနားတွင် “ကျွန်တော်တို့အနေနဲ့ အခုကျင်းပနေ တဲ့ ရွေးချယ်ပွဲပြီးတဲ့အခါမှာတော့ ထွက်ပေါ် လာတဲ့ အမှုဆောင်၊ အလုပ်အမှုဆောင်တို့ သည် တကယ်ကိုပဲ အရင်တုန်းကဖြတ်သန်း ခဲ့ရတဲ့ အလုပ်အမှုဆောင်အဖွဲ့တွေထက် ပို ပြီးတော့ စိန်ခေါ်မှုအများကြီးကို ရင်ဆိုင် ကျော်လွှားနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော်တို့ အားလုံးဖြစ်စေချင်နေတဲ့ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုဆိုတာ တစ်ဦးတစ်ယောက်ထဲ ပုဂ္ဂလိ ကတစ်ခုတည်း မရပါဘူး။ နိုင်ငံတော်အပိုင်း တစ်ခုထဲနဲ့လည်းမရပါဘူး။ နိုင်ငံတော်နဲ့ ပုဂ္ဂလိကနဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုတွေနဲ့ပဲ စီး ပွားရေးတိုးတက်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပုဂ္ဂလိ ကအနေနဲ့ကလည်း ဒီလိုအဖွဲ့အစည်းတွေရဲ့ စွမ်းအင်တွေ၊ စွမ်းအားတွေ ပိုမိုတိုးတက် အောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်လို့ ကျွန် တော်တင်ပြချင်ပါတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ် ( UMFCCI) ၏ အထွေထွေအတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုးက ပြောကြားသည်။
ကုန်သည်စက်မှုအသင်းချုပ်၏ အမှု ဆောင်ရွေးချယ်ပွဲကို သုံးနှစ်တစ်ကြိမ်ကျင်း ခြင်းဖြစ်ပြီး ရွေးချယ်ခံရသော အမှုဆောင်၊ အလုပ်အမှုဆောင်များအနေဖြင့် သုံးနှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။
အမှုဆောင်၊ အလုပ်အမှုဆောင်များသည် အများဆုံး သုံးနှစ်သက်တမ်း နှစ်ကြိမ်အထိသာ တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၉-၂၀၂၂ ခုနှစ်သက်တမ်းအတွက် အမှုဆောင်အသစ် ရွေးချယ်တင်မြှောက် ခြင်းအတွက် မဲပေးမှုစနစ်ကို ကုန်သည်စက်မှုအသင်းချုပ်တွင် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃၁ ရက်မတိုင်မီ အသင်းဝင်ထားသော၊ ရွေးချယ်တင်မြှောက်ပွဲကို Online Register ပြုလုပ်ထားသော တစ်သီးပုဂ္ဂလအသင်း သားများနှင့် ကုမ္ပဏီအသင်းသားများ အဆင်ပြေစွာမဲပေးနိုင်ရေးအတွက် Opa Vote Secure Online Voting Platform ကို အသုံးပြု၍ လျှို့ဝှက်ဆန္ဒမဲပေးရွေးချယ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ Opa Vote Secure Online Voting Platform ကို ၂၀၀၂ ခုနှစ်က အမေရိကန်ကုမ္ပများတွင် စတင်အသုံးပြုခဲ့ပြီး နိုင်ငံရေးနယ်ပယ်အချို့တွင်လည်း အသုံးပြုလျှက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
