ဧရာဝဏ်-ရတနာအိမ်ရာ စီမံကိန်းတွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရင်းနှီးမြှုပ်နှံထားသည့် ကျပ် ဘီလျံ ၂၂၀ ပြန်လည် ရရှိစေရေးနှင့် စီမံကိန်းအပြီးသတ်ဆောင်ရွက်နိုင်စေရေးအတွက် Master Plan, Financing Plan တို့ကို ပြန်လည်သုံးသပ် ပြင်ဆင်၍ ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆက်လက်ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ညှိနှိုင်းလျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
စီမံကိန်းဧရိယာ ၂၂၀ ဧကအတွင်းရှိ လမ်း၊ ရေ၊ မီး၊ လုံခြုံရေးနှင့် IT စနစ်တို့ပါဝင်သည့် အခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်ပြီး Smart District အဖြစ် ဆက်လက်ဆောင်ရွက်သွားရန် ချမ်းသာရွှေမြေကုမ္ပဏီလီမိတက်နှင့် အကျိုးတူလုပ်ငန်း စာချုပ်ကိုလည်းကောင်း၊ ရွှေတောင်ဖွံ့ဖြိုး တိုးတက်ရေးကုမ္ပဏီနှင့် ပဏာမသဘောတူစာချုပ်ကိုလည်းကောင်း လက်မှတ်ရေးထိုးထားပြီး Foundatioin လုပ်ငန်းများ တန်ဖိုးများကို ပြန်လည်ရရှိမည်ဖြစ်ကြောင်းနှင့် စီမံကိန်းပြီးစီးအောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဧရာဝဏ်-ရတနာအိမ်ရာစီမံကိန်းသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အစိုးရ၏ လမ်းညွှန်ချက်အရ ဘဏ္ဍာငွေဖြင့် ဆောင်ရွက်မည့် ပြည်သူ့အိမ်ရာစီမံကိန်းအဖြစ် စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့၏မြေလွတ်နည်းပါးမှုနှင့်အိမ်ရာလိုအပ်ချက် အ မြောက်အများရှိမှုကို အခြေခံ၍ Vertical Expension အဖြစ် ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်၊ ဧရာဝဏ်လမ်းမကြီး မြေဧရိယာ ၂၂၀ ဧကပေါ်တွင် ၁၈ ထပ် အဆောက်အဦ ၄၉ လုံးကို Precast စနစ်ဖြင့် တစ်ချိန်တည်း၌ အမြောက်အမြားထုတ်လုပ်နိုင်ရန် စီမံကိန်း ရေးဆွဲဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားပြီး စျေးကွက်ဝယ်လိုအား ကျဆင်းလာကာ ဘဏ္ဍာငွေ အကျပ်အတည်း ဖြစ်ပေါ်လာသည့်အတွက် စီမံကိန်းပြီးစီးနိုင်မှုမရှိခဲ့ခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။
ဧရာဝဏ်နှင့် ရတနာအိမ်ရာစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ပုဂ္ဂလိကမှ လုပ်ငန်းရှင်များဖြင့် ပူးပေါင်း အကောင်အထည်ဖော်နေခြင်းဖြစ်ရာ ယင်းစီမံကိန်းမှ ရတနာနှင်းဆီ အိမ်ရာကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က ဖွင့်လှစ်ခဲ့သည်။
တန်ဖိုးသင့်နှင့် တန်ဖိုးနည်းအိမ်ရာများ ပိုမိုပေါ်ထွက်လာစေရန်အတွက် နိုင်ငံတော် အစိုးရအနေဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များလုပ်ကိုင်ရန် အိမ်ရာစီမံကိန်း ၂၀ ခွင့်ပြုပေး ထားပြီး ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိ ဘဲ ဆိုင်းငံ့ထားသော လုပ်ငန်းများကို ဖိအားပေး၍ အမြန်ဆုံးတည်ဆောက်ခိုင်းမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ၏ အိမ်ရာကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အိမ်ရာ ဖွံ့ဖြိုးမှု ငါးနှစ်စီမံကိန်းရေးဆွဲထားရာ စုစု ပေါင်းအိမ်ရာ ၁ ဒသမ ၈ သန်းအထိ အကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တန်ဖိုးမြင့်အိမ်ရာစျေးကွက်လိုအပ်ချက်ကို ပုဂ္ဂလိကဖြည့်ဆည်းနိုင်သော်လည်း တန်ဖိုးအလယ်အလတ်နှင့် တန်ဖိုးနည်းအိမ်ရာစျေးကွက်ကို ဖော်ဆောင်သည့်နေရာတွင် ပြည်သူလူထု၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်စွမ်းမရှိပေ။
အိမ်ရာကဏ္ဍဖွံ့ဖြိုးရေးသည် လူမှုရေး ဖွံ့ဖြိုးရေးကို အထောက်အကူပြုသည့်အတွက် အစိုးရကိုယ်တိုင် ဦးဆောင်အကောင်အထည်ဖော်ရမည့်ကဏ္ဍတစ်ရပ်ဖြစ်ပြီး အိမ်ခြံမြေ စျေးကွက်ဖွံ့ဖြိုးရေးမှာ စျေးကွက်သဘောအရ စျေးကွက်ကပင် မောင်းနှင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရောင်းချမည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်နှင့် တန်ဖိုးမျှတအိမ်ရာများကို နှစ်ရည်အရစ်ကျ စနစ်ဖြင့် ဝယ်ယူနိုင်ရန်အတွက် ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏ မည်သည့် ဘဏ်ခွဲတွင်မဆို အိမ်ရာစုဆောင်းငွေစာရင်း (Housing Saving Account) ကို ကျပ်ငွေ ၁၀,၀၀၀/-ကျပ် နှင့်စတင်၍ဖွင့်လှစ်ပြီး မိမိဝယ်ယူလိုသော တိုက်ခန်းတန်ဖိုး၏ ၃၀ ရာ ခိုင်နှုန်းကိုပြည့်မီအောင်CHID ဘဏ်တွင် စုဆောင်းထားရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
