ဘာစီလိုနာတွင် ဆက်နေရန် လီဝန်ဒေါစကီး ဆန္ဒရှိ
24htopnews | November 21, 2024 8:12 PM CST
ဘာစီလိုနာဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးသည် အသင်းတွင် ဆက်နေလိုသည်ဟု အသင်းတာဝန်ရှိသူများထံ အကြောင်းကြားထားကြောင်း သိရသည်။
ဘာစီလိုနာအသင်းနှင့် ချုပ်ဆိုထားသည့် လီဝန်ဒေါစကီး၏လက်ရှိစာချုပ်မှာ ၂၀၂၆ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး တစ်နှစ်ထပ်မံသက်တမ်းတိုးခွင့်ရှိသည့်အချက် ပါဝင်ကြောင်း သိရှိရသည်။
ယခုအခါ လီဝန်ဒေါစကီးက မိမိအနေဖြင့် အသင်းတွင် ဆက်နေရန်အသင့်ရှိနေကြောင်း အသင်းတာဝန်ရှိသူများထံ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အသက် (၃၆) နှစ်ကျော်ပြီဖြစ်သော်လည်း လီဝန်ဒေါစကီးသည် ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်သည်။
လီဝန်ဒေါစကီးသည် ဟန်ဆီဖလစ်ခ်လက်ထက်တွင် ဘာစီလိုနာအသင်း၏ အဓိကကစားသမားအဖြစ် အသုံးတော်ခံနေပြီး ယခုရာသီ ပြိုင်ပွဲစုံ (၁၇) ပွဲတွင် (၁၉)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်ထားသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
