ဘန်တန်ကာ၏ ပွဲပယ်ပြစ်ဒဏ်အတွက် စပါးအသင်း အယူခံဝင်
24htopnews | November 21, 2024 8:12 PM CST
စပါးအသင်းသည် ကွင်းလယ်ကစားသမား ဘန်တန်ကာ၏ပွဲပယ် ပြစ်ဒဏ်အတွက် အယူခံဝင်ခဲ့ကြောင်း သိရှိရသည်။
ဘန်တန်ကာသည် စပါးအသင်းဖော် ဆွန်ဟောင်မင်အား လူမျိုးရေးခွဲခြားသည့်နောက်ပြောင်စကားပြောဆိုခဲ့ခြင်းကြောင့် FA ၏ (၇) ပွဲပယ်ပြစ်ဒဏ်နှင့် ပေါင် (၁) သိန်း ဒဏ်ရိုက်ခံခဲ့ရသည်။
ဘန်တန်ကာသည် အင်တာဗျူးတစ်ခုတွင် ဆွန်ဟောင်မင်နှင့်ပတ်သက်ပြီး ကိုးရီးယားလူမျိုးများမှာ ရုပ်ချင်းအတူတူပင်ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
ဘန်တန်ကာသည် ယင်းနောက်တွင် ဆွန်ဟောင်မင်ကို တောင်းပန်ခဲ့ကြောင်း သိရသည်။
စပါးအသင်းသည် ဘန်တန်ကာ၏ပွဲပယ်ပြစ်ဒဏ်မှာ များလွန်းသည်ဟုယူဆကာ အယူခံဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
