၂၀၂၄-၂၅ UEFA Nations League ပြိုင်ပွဲ ကွာတားဖိုင်နယ်နှင့် တန်းဆင်းတန်းတက် Play-offs ပွဲစဉ် ရေးဆွဲပွဲအခမ်းအနားကို နိုဝင်ဘာလ(၂၂)ရက် (ယနေ့)တွင် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) ရုံးစိုက်သည့် ဆွစ်ဇာလန်နိုင်ငံ၊ နီယွန်မြို့တွင် မြန်မာစံတော်ချိန် ညနေ(၅း၃၀)နာရီတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါမဲခွဲပွဲတွင် ကွာတားဖိုင်နယ်ပွဲစဉ်များအတွက်သာမက ဆီမီးဖိုင်နယ်အတွက်ပါ တစ်ပါတည်း ရေးဆွဲသွားမည်ဖြစ်သည်။
ကွာတားဖိုင်နယ်နှင့် တန်းဆင်းတန်းတက် Play-offs ပွဲစဉ်များကို မတ်လ(၂၀)ရက်တွင် ပထမအကျော့နှင့် မတ်လ(၂၃)ရက်တွင် ဒုတိယအကျော့ပွဲစဉ်များ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
Laegue A ပြိုင်ပွဲ အုပ်စု(၁)တွင် ပေါ်တူဂီနှင့် ခရိုအေးရှား၊ အုပ်စု (၂)တွင် ပြင်သစ်နှင့် အီတလီ၊ အုပ်စု(၃)တွင် ဂျာမနီနှင့် နယ်သာလန်၊ အုပ်စု(၄)တွင် စပိန်နှင့် ဒိန်းမတ်အသင်းများ ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့ကြသည်။
ကွာတားအဆင့်တွင် အုပ်စုပထမနှင့် ဒုတိယရအသင်းများ ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်သော်လည်း အုပ်စုတွင်းအသင်းအချင်းချင်း တွေ့ဆုံခြင်းမှအပ ကျပန်းရေးဆွဲသွားမည် ဖြစ်သည်။
League A/B Play-offs အဆင့်တွင် League A မှ တတိယရအသင်းများဖြစ်သည့် စကော့တလန်၊ ဆားဘီးယား၊ ဟန်ဂေရီနှင့် ဘယ်လ်ဂျီယံ၊ League B မှ ဒုတိယရအသင်းများဖြစ်သည့် ဂရိ၊ သြစတြီးယား၊ တူရကီနှင့် ယူကရိန်းအသင်းများ ထိပ်တိုက်ကစားရမည်ဖြစ်သည်။
League B/C Play-offs အဆင့်တွင် League B မှ တတိယရအသင်းများဖြစ်သည့် ဆလိုဗေးနီးယား၊ ဂျော်ဂျီယာ၊ အိုက်စလန်နှင့် အိုင်ယာလန်၊ League C မှ ဒုတိယရအသင်းများဖြစ်သည့် ဆလိုဗက်ကီးယား၊ ကိုဆိုဗို၊ ဘူလ်ဂေးရီးယားနှင့် အာမေးနီးယားများ ပါဝင်လျက်ရှိသည်။
League C/D Play-offs အဆင့်တွင် League C မှ အကောင်းဆုံး အုပ်စုစတုတ္ထရအသင်းများဖြစ်သည့် လတ်ဗီးယားနှင့် လူဇင်ဘတ်၊ League D မှ ဒုတိယရအသင်းများဖြစ်သည့် မော်လ်တာနှင့် ဂျီဘရော်လ်တာတို့ ရင်ဆိုင်ကစားရမည်ဖြစ်သည်။
League A တွင် ပိုလန်၊ အစ္စရေး၊ ဘော့စနီးယားနှင့် ဆွစ်ဇာလန်အသင်းများ တိုက်ရိုက်တန်းဆင်းခဲ့ပြီး League B မှ ချက်၊ အင်္ဂလန်၊ နော်ဝေ နှင့် ဝေးလ်စ်အသင်းများ တန်းတက်လာခဲ့သည်။
League B တွင် အယ်လ်ဘေးနီးယား၊ ဖင်လန်၊ ကာဇက်စတန်နှင့် မွန်တီနီဂရိုးအသင်းများ တိုက်ရိုက်တန်းဆင်းခဲ့ပြီး League C မှ ဆွီဒင်၊ ရိုမေးနီးယား၊ မြောက်အိုင်ယာလန်နှင့် မြောက်မက်ဆီဒိုးနီးယားအသင်းများ တန်းတက်လာခဲ့သည်။
League C တွင် အဇာဘိုင်ဂျန်နှင့် လစ်သူယေးနီးယားအသင်းများ တိုက်ရိုက်တန်းဆင်းခဲ့ပြီး League D မှ ဆန်မာရီနိုနှင့် မော်လ်ဒိုဗာအသင်းများ တန်းတက်လာခဲ့သည်။
ကွာတားဖိုင်နယ်နှင့် Play-offs ပွဲစဉ်များတွင် League A အုပ်စုဒုတိယရအသင်းများ၊ အတန်းနိမ့်သည့်အသင်းများ၏အိမ်ကွင်းတွင် ပထမအကျော့ကစားရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
