ရီးယဲလ်မက်ဒရစ်အသင်းသည် ဘိုင်ယန်မြူးနစ်စွယ်စုံရကစားသမား ကင်မစ်ချ်အား ခေါ်ယူရန် အခြေအနေကို စောင့်ကြည့်နေကြောင်း သိရှိရသည်။
အသက် (၂၉) နှစ်အရွယ်ရှိ ကင်မစ်ချ်သည် ယခုရာသီကုန်တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လာမည့် ၂၀၂၅ နွေတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့နိုင်မည်ဖြစ်သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ကင်မစ်ချ်အား စာချုပ်သစ်ချုပ်ဆိုရန် ကြိုးပမ်းနေသော်လည်း ၎င်း၏တစ်နှစ်လစာ ယူရိုသန်း (၂၀) ကို လျှော့ယူရန် တောင်းဆိုထားရာ သဘောတူညီမှုမရဖြစ်နေကြောင်း သိရသည်။
ရီးယဲလ်အသင်းသည် ဘိုင်ယန်မြူးနစ်နှင့် ကင်မစ်ချ်တို့၏ အခြေအနေကို စောင့်ကြည့်နေပြီး ဇန်နဝါရီကတည်းက သဘောတူညီမှု ကြိုတင်ရယူထားရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။
ကင်မစ်ချ်အား ခေါ်ယူရန် ရီးယဲလ်အပါအဝင် မန်စီးတီး၊ လီဗာပူးလ်၊ PSG နှင့် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
