နယ်သာလန်ကွင်းလယ်ကစားသမားဟောင်း ဗန်ဒါဗတ်က ဘာစီလိုနာကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်းအား အသင်းပြောင်းကစားရန် တိုက်တွန်းခဲ့သည်။
အသက် (၂၇)နှစ်အရွယ်ရှိ ဖရန်ကီဒီယွန်းသည် ဘာစီလိုနာအသင်းတွင် ဒဏ်ရာပြဿနာများနှင့် မကြာခဏကြုံတွေ့နေရသူ ဖြစ်သည်။
ဖရန်ကီဒီယွန်းသည် ဘာစီလိုနာအသင်းအတွက် (၆) ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲ (၂၂၀) ကစားထားသော်လည်း နောက်ပိုင်းနှစ်များတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရသူဖြစ်သည်။
ယခုအခါ ဗန်ဒါဗတ်က ''ဟန်ဂေရီနဲ့ပွဲမှာ ဒီယွန်း ကစားတာ အရမ်းကောင်းပါတယ်။ သူ့အနေနဲ့ အခုထက်ပိုကောင်းအောင် ကစားနိုင်မယ်လို့ ယုံကြည်ပါတယ်။ အခုအချိန်မှာ ဒီယွန်းလိုနေတာက ကြံ့ခိုင်မှုအပြည့်နဲ့ ကစားနိုင်ဖို့ပါပဲ။ သူဟာ ခြေ ချင်းဝတ်ထိထားပြီး ဒါကို ဂရုစိုက်ဖို့ လိုပါတယ်။ ဘာစီလိုနာက အဲဒါကို ဂရုမစိုက်ပေးနိုင်ပါဘူး။ ဒီယွန်းအနေနဲ့ ကစားသမားဘဝရှေ့ဆက်ချင်တယ်ဆိုရင် အေဂျက်စ်ကို ပြောင်းရွှေ့ကစားသင့်ပါတယ်''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
