အာဆင်နယ်အသင်းသည် ရီးယဲလ်အသင်းတွင် ပွဲကစားခွင့်ရရန် ရုန်းကန်နေရသည့် တူရကီလူငယ်ကွင်းလယ်ကစားသမား အာဒါဂူလာအား အငှားဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် ယခင်က ရီးယဲလ်ကွင်းလယ်ကစားသမား အော်ဒီဂွါအားခေါ်ယူပြီး အောင်မြင်မှုရခဲ့ရာ ယခုအခါ အာဒါဂူလာကိုလည်း ယင်းကဲ့သို့ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်သည်။
အာဒါဂူလာ (၁၉ နှစ်)သည် ယခုရာသီတွင် ရီးယဲလ်အတွက် ပြိုင်ပွဲစုံ (၃၀၇)မိနစ်သာ ကစားထားရကြောင်း သိရသည်။
ထို့ကြောင့် ၎င်းသည် ဒေါသထွက်နေပြီး ပုံမှန်ပွဲထွက်ခွင့်ရမည့်အသင်းသို့ ပြောင်းရွှေ့လိုနေကြောင်းသိရသည်။
အာဆင်နယ်အသင်းသည် ပထမအသင်းကစားသမားများဖြစ်သည့် ဂျေးဇူး၊ ဇင်ချန်ကိုနှင့် တီယာနေးတို့အား လာမည့် ဇန်နဝါရီတွင် ရောင်းထုတ်ဖွယ်ရှိနေကြောင်းလည်း သိရှိရသည်။
အာဆင်နယ်အသင်းသည် လာမည့်ဇန်နဝါရီတွင် ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ခေါ်ယူရန် စီစဉ်နေပြီး ယင်းအတွက် အသင်းမှကစားသမားများကိုရောင်းထုတ်ပြီး ရန်ပုံငွေရှာရန် စီစဉ်လာခြင်းဖြစ်သည်။
ဂျေးဇူး၊ ဇင်ချန်ကိုနှင့် တီယာနေးတို့ (၃) ဦးစလုံးသည် အာဆင်နယ်အသင်းတွင် ပွဲကစားရရန် ရုန်းကန်နေရသူများ ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
