ပေါ့ဘာကိုခေါ်ယူရန် နယူးကာဆယ်နှင့် ဝက်စ်ဟမ်း စိတ်ဝင်စား
24htopnews | November 21, 2024 8:12 PM CST
နယူးကာဆယ်နှင့် ဝက်စ်ဟမ်းအသင်းတို့သည် ဂျူဗင်တပ်စ်အသင်းနှင့်စာချုပ်ဖျက်သိမ်းပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဘာအား ခေါ်ယူရန်အပြိုင်စိတ်ဝင်စားနေကြောင်း သိရသည်။
ပေါ့ဘာသည် ဆေးကျမှုကြောင့် (၄) နှစ်ပွဲပယ်ခံခဲ့ရပြီး အယူခံဝင်ခဲ့ရာ (၁၈) လသို့လျှော့ချခံရသဖြင့် ၂၀၂၅ မတ်လတွင် ပြန်ကစားနိုင်တော့မည်ဖြစ်သည်။
ဂျူဗင်တပ်စ်အသင်းသည် အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိနေသည့် ပေါ့ဘာ၏ စာချုပ်ကို နှစ်ဦးသဘောတူဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ပေါ့ဘာအား ခေါ်ယူရန် ပြင်သစ်၊ ဆော်ဒီနှင့် အမေရိကန်ကလပ်များက စိတ်ဝင်စားနေပြီး ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်နှင့် ဝက်စ်ဟမ်းတို့လည်း ပါဝင်လာခြင်းဖြစ်သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
