မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့၊ ဝါးဒက်ကွင်းနေကျေးရွာနေ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်နေ့၊ ည ၁၀ နာရီအချိန်ခန့်က ဝါးဒက်ကွင်းကျေးရွာနေ အသက် ၄၀ နှစ်အရွယ်ခန့်ရှိ ဦးချစ်ကို ဆိုသူအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ဦးချစ်ကို ရဲ့ ရုပ်အလောင်းကို နိုဝင်ဘာလ ၂၀ ရက်နေ့ မနက် ခုနစ်နာရီအလောက်မှာ ဝါးဒက်ကွင်းရွာထိပ်က ရော်ဘာခြံထဲမှာ ပြန်တွေ့ရတာပါ။ နဖူးကို သေနတ်နဲ့ အနီးကပ်ပစ်သတ်သွားတဲ့ ပုံစံမျိုး၊ နောက်စေ့ပါပွင့်ပြီး သေဆုံးနေတာပါ” ဟု ပြောကြားသည်။
ဦးချစ်ကိုမှာ ဝါးဒက်ကွင်းကျေးရွာတွင် ဆိုင်ကယ်ပြုပြင်ရေးဆိုင်ဖွင့်ထားသူဖြစ်ကြောင်းနှင့် ၎င်းအားမည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက သတ်ဖြတ်သွားသည်ကို မသိရသေးကြောင်း ၎င်းဒေသခံက ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်နေ့ည ခုနစ်နာရီအချိန်ခန့်ကလည်း သထုံမြို့နယ်ကျောက်တန်းကျေးရွာနေ ဦးစိုးလှိုင်ဆိုသူအား အမည်မသိ သေနတ်သမားများမှ သေနတ်ဖြင့် ပစ်ခတ်သွားသည့်အတွက်ကြောင့် ဦးစိုးလှိုင်တွင် ရင်ဘတ်၊ ဝမ်းဗိုက်နှင့် ဦးခေါင်း သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း မွန်ပြည်နယ်၌ လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများကြောင့် ၆၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး၊ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
