လာအိုနိုင်ငံရှိ ကမ္ဘာလှည့်ခရီးသွားများလာရောက်လည်ပတ်လေ့ရှိသောနေရာတွင် မက်သနောအဆိပ်သင့်ဖွယ် အရက်သောက်သုံးခဲ့ပြီးနောက် ပြည်ပခရီးသွားလေးဦးသေဆုံးခဲ့ကြောင်း အနောက်နိုင်ငံအစိုးရ တာဝန်ရှိသူများနှင့် မီဒီယာတွင် နိုဝင်ဘာ ၂၁ ရက် ဖော်ပြခဲ့သည်။
သြစတြေးလျနိုင်ငံသား မိန်းကလေးတစ်ဦးသည် နောက်ဆုံးအတည်ပြုသေဆုံးသူ ဖြစ်ခဲ့ကာ ၄င်း၏သူငယ်ချင်းသည် အသက်အန္တရာယ်စိုးရိမ်ရကြောင်း သြစတြေးလျဝန်ကြီးချုပ် အန်သိုနီအယ်ဘာနိစ်က ဆိုသည်။
ဒိန်းမတ်နိုင်ငံသားနှစ်ဦးနှင့် အမေရိကန်နိုင်ငံသားတစ်ဦးလည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများကဆိုသည်။
ဗန်ဗီယန်းမြို့တွင် ညအချိန် လည်ပတ်နေချိန် မက်သနောအဆိပ်သင့်ဖွယ်ရှိသည့် အရက်များကို သောက်သုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း မီဒီယာတွင် ဖော်ပြခဲ့သည်။
ပြည်ပနိုင်ငံသား တစ်ဒါဇင်ခန့်ပါဝင်သည့် အဖွဲ့တစ်ဖွဲ့သည် နိုဝင်ဘာ ၁၂ ရက်တွင် ညအချိန် လည်ပတ်ခဲ့ကြပြီးနောက် နာမကျန်းဖြစ်နေကြောင်း ဗြိတိန်နှင့် သြစတြေးလျမီဒီယာတွင် ဖော်ပြထားသည်။
ဗန်ဗီယန်းမြို့ရှိ သြစတြေးလျအမျိုးသမီးနှစ်ဦး တည်းခိုနေထိုင်ခဲ့သော Nana Backpackers တည်းခိုခန်းမှ ဗီယက်နမ်နိုင်ငံသားမန်နေဂျာကို စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားကြောင်း လာအိုခရီးသွားရဲတပ်ဖွဲ့က ဆိုသည်။
ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းနေဆဲဖြစ်သောကြောင့် တရားစွဲဆိုခြင်းမရှိသေးကြောင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
