အာဆီယံအထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ပရက်ဆော့ခွန်းအား ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်ခဲ့ကြောင်း သိရသည်။
ကမ္ဘောဒီးယားအမျိုးသားလွှတ်တော်က ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်လက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ပရက်ဆော့ခွန်းကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်မှုကို နိုဝင်ဘာ ၂၀ ရက်က အတည်ပြုခဲ့သည်။
အထက်လွှတ်တော်၏ ပထမလက်ထောက်ဥက္ကဋ္ဌနှင့် လက်ထောက်ဝန်ကြီးချုပ်ဟောင်း ပရက်ဆော့ခွန်းသည် ယခင်နိုင်ငံခြားရေးဝန်ကြီး ဆွတ်ချန်ဒါ ဆိုဖီယာ၏နေရာတွင် အစားထိုးတာ ဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ ဝန်ကြီးချုပ် ဟွန်မာနက်က ပရက်ဆော့ခွန်းကို ရာထူးခန့်အပ်မှုများ Telegram တွင် ဂုဏ်ပြု ကြောင်းရေးသားခဲ့သည်။
ဟွန်မာနက်သည် ကမ္ဘောဒီးယားကိုနှစ်ပေါင်း ၄၀ နီးပါး အုပ်ချုပ်ခဲ့သည့် ဖခင်ဖြစ်သူ ဟွန်ဆန်ထံမှ အာဏာကို ပြီးခဲ့သည့်နှစ်က လွှဲပြောင်းရယူခဲ့သည်။ ပရက်ဆော့ခွန်းသည် ဟွန်ဆက်လက်ထက် ၂၀၁၆ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ လက်ထောက်ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းမ တိုင်မီအချိန်က သူသည် နိုင်ငံအများအပြားတွင် ကမ္ဘောဒီးယားသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဟွန်မာနက်ကမူ အစိုးရအဖွဲ့ပြောင်းလဲဖွဲ့စည်းမှုသည် အုပ်ချုပ်ပုံကို ပိုမိုတိုးတက်ကောင်းမွန်စေရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
