ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူမှု ယခုနှစ် ကိုးလတာကာလအတွင်း တရုတ်ပြီးလျှင် မြန်မာနိုင်ငံက ဒုတိယနေရာတွင် ရှိနေကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။
၂၀၂၄ ခုနှစ် ပထမ ကိုးလတွင် ထိုင်းကွန်ဒိုတိုက်ခန်းများ ရောင်းချမှုသည် ယမန်နှစ် အလားတူကာလထက် သုံးဆ တိုးလာကြောင်း၊ မြန်မာနိုင်ငံသားများမှာ တရုတ်နိုင်ငံပြီးလျှင် နိုင်ငံခြားဝယ်လက် ဒုတိယအများဆုံးအုပ်စု ဖြစ်လာကြောင်း အိမ်ခြံမြေ သတင်းအချက်အလတ်ဌာန (REIC) ၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံမှ ဝယ်ယူသူများသည် ဘန်ကောက်နှင့် ထိုင်းနိုင်ငံ၏ အခြားနေရာများတွင် ကွန်ဒိုတိုက်ခန်းများကို ဝယ်ယူထားကြောင်း သတင်းတွင် ဖော်ပြထားသည်။
“တခြားနိုင်ငံတွေမှာ ပဋိပက္ခတွေဖြစ်တဲ့အခါတိုင်း နိုင်ငံခြားသားတွေက အေးအေးချမ်းချမ်းနေချင်လို့ ထိုင်းဘက်ကိုရောက်လာတယ်” ဟု REIC ခေတ္တညွှန်ကြားရေးမှူးချုပ် Kamonpop Veerapala က ယခုသီတင်းပတ်အတွင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
ဇန်နဝါရီလမှ စက်တင်ဘာလအထိ မြန်မာနိုင်ငံသားများထံမှ ဘတ်ငွေ ၅ ဒသမ ၄၆ ဘီလျံ (ဒေါ်လာ ၅၈ သန်း) တန်ဖိုးရှိ အလုံးရေ ၁၀၀၀ ကျော်ကို ရောင်းချခဲ့ကြောင်း REIC ၏ အချက်အလက်များအရ သိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံသူများသည် ဒေါ်လာ ၄၅,၀၀၀ နှင့် ဒေါ်လာ ၃၅၀,၀၀၀ အကြား ပေါက်ဈေးရှိသော အိမ်ခြံမြေများကို ဝယ်ယူခဲ့ပြီး ချင်းမိုင်၏ မြောက်ပိုင်းခရိုင်သည် ဝယ်ယူသူများအကြား အကြိုက်တွေ့သည့် နေရာတစ်ခုဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောကြားသည်ဟု သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
ထိုင်းနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများကို မြန်မာနိုင်ငံတွင် အရောင်းပြပွဲ ပြုလုပ်ရောင်း ချခဲ့သူတစ်ဦးနှင့် ဝယ်ယူခဲ့သူ သုံးဦးအား ဖမ်းဆီးခဲ့ပြီး အွန်လိုင်းမှတစ်ဆင့် ပြည်ပနိုင်ငံများရှိ ကွန်ဒိုများ ရောင်းချသူနှင့် ဝယ်ယူသူများကို အရေးယူမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဇွန်လဆန်းပိုင်းက ထုတ်ပြန်ခဲ့သည်။
ပြည်ပနိုင်ငံများရှိ ကွန်ဒိုတိုက်ခန်းများအား အွန်လိုင်းမှတစ်ဆင့် တရားမဝင်ရောင်းချနေသည့် အခြားကုမ္ပဏီများနှင့် ဝယ်ယူသူများအား ဆက်လက်စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်မည်ဖြစ်သဖြင့် ပြည်သူ များအနေဖြင့် ထိုကဲ့သို့ တရားမဝင်ပြည်ပနိုင်ငံရှိ တိုက်ခန်းအရောင်းအဝယ်ပြုလုပ်နေသူများအား သိရှိပါက သက်ဆိုင်ရာသို့သတင်းပေးပို့ရန်အသိပေးကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
