တောင်ဒဂုံမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့ကို ဆက်သွယ်ထားသည့် တောင်ဒဂုံ-သုဝဏ္ဏ တံတားဖွင့်ပွဲ အခမ်းအနားကို (ယနေ့) ဖေဖော်ဝါရီ ၇ ရက် နံနက် ၇ နာရီတွင် အဆိုပါတံတား တည်ရှိရာ တောင်ဒဂုံမြို့နယ်ဘက်ခြမ်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါတံတား ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
တောင်ဒဂုံ-သုဝဏ ္ဏတံတားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွန်ချက်အရ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြီးကြပ်ပြီး တင်ဒါ အောင်မြင်ခဲ့သည့် မြတ်နိုးသူ ကုမ္ပဏီနှင့် ပူးပေါင်း တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါတံတားကို ၂၀၁ရခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး တံတားအရှည် ၂၅၈ မီတာ၊ အကျယ် ၁၁ ဒသမ ၅ မီတာ၊ ယာဉ်သွားလမ်း အကျယ် ရှစ် မီတာ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၁ ဒသမ ၇၅ မီတာ၊ ရေလမ်း ကင်းလွတ် အမြင့် ၅.၅ မီတာ နှင့် တံတား ခံနိုင်ဝန် တန် ၆၀ သတ်မှတ်ထားပြီး တံတား တည်ဆောက်မှု ကုန်ကျစရိတ် ကျပ်သန်းပေါင်း ငါးထောင့်ရှစ်ရာခန့် ဖြစ်ကြောင်း သိရသည်။
တံတား တည်ဆောက်နိုင်ခဲ့ကြောင့် ဒဂုံဆိပ်ကမ်းမြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ မြောက်ဒဂုံမြို့နယ်တို့မှ ပြည်သူများအနေဖြင့် ယာဉ်ကြောကျပ်တည်းမှုကို ရှောင်လွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
