၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် တိုင်းချစ်ပြည်ချစ် အင်အားစုများ အားလုံးနှင့် လက်တွဲကြိုးပမ်းဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း (Independent Lawyers Association of Myanmar – ILAM) က ဖေဖော်ဝါရီ ၅ ရက်က ကြေညာချက်ထုတ်ပြန်သည်။
“အဲဒါ နှစ်ချက်ပေါ့နော်။ တစ်အချက်က တင်တဲ့ ၂၉ ရက်က ဦးကိုနီ လုပ်ကြံခံရတာ နှစ်နှစ် ပြည့်တဲ့နှစ်။ ဦးကိုနီဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဖို့ ထိပ်ဆုံးက လုပ်နေတဲ့သူ။ သူ့တာဝန် မကျေသေးဘူး။ မပြီးသေးဘူး။ အဲဒါ ကျွန်တော်တို့ ဆက်လုပ်မယ်။ ဒုတိယ အချက်ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဖို့ဆိုတာ အခု တပ်မတော် ကာချုပ်ကလည်း ပြောပြီ။ အစောကြီးတည်းက ပြင်မယ်လို့ ပြောခဲ့တာပေါ့။ ပြင်မယ့်အချိန်နဲ့ပြင်မယ့် အခြေ အနေနဲ့ ဒါပဲ သူပြောတာပေါ့။ အဲဒီတော့ အားလုံးသဘောတူပြီလို့ ယူဆတယ်။ အဲဒီ အခြေအနေမှာ ကျွန်တော်တို့လည်းပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ခေါင်းဆောင်မှုအောက်မှာ ကျွန်တော်တို့ တတ်ကျွမ်းနားလည်တဲ့ ဥပဒေပညာနဲ့ လူထုအကျိုးဆောင်ဖို့ ပါဝင်မယ်လို့ အသိပေးကြေညာလိုက်တာပါ” ဟု ILAM အထွေထွေ အတွင်းရေးမှူး ဦးသိန်းသန်းဦးက ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် လွှတ်တော် သက်တမ်း ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေစဉ်က နိုင်ငံတ ကာရှေ့နေအသင်းနှင့်ပူးပေါင်း၍ ILAM ဖွဲ့စည်းပုံနှင့် အသင်းပေါ်ပေါက်ရေး လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ဇန်နဝါရီတွင် ရွေးကောက်ပွဲပြုလုပ်၍ အသင်းဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“ကျွန်တော်တို့က ဥပဒေဘက်က ပါမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဖို့အတွက် ဘယ်အချက်တွေ လိုတယ်။ ဘာတွေပြင်ရမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အမျိုးအစားက ဘယ်လိုဖြစ်တယ်။ ကျွန်တော်တို့ သွားမှာက ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသား သွေး စည်းညီညွတ်ရေး အလံသုံးလက်ပေါ့။ အဲဒီ ကိစ္စတွေနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ ဂုဏ်သိက္ခာရှိပြီး ကြွယ်ဝ ချမ်းသာတဲ့နိုင်ငံဖြစ်ဖို့ဆိုရင် အခြေခံဥပဒေက အဟန့်အတား ဖြစ်နေတာကိုး။ အဲဒီတော့ ဘယ်လိုပြင်ကြမလဲ။ တိုင်းပြည်မနစ်နာ အောင် ပြင်မှပဲရမယ်။ ဘယ်နည်းနဲ့ ပြင်မလဲ။ ဘာတွေပြင်ရမလဲဆိုတာ ကျွန်တော်တို့ ကူညီမှာပါ” ဟု ဦးသိန်းသန်းဦးက ပြောသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
