မြန်မာနိုင်ငံ၏ နိုင်ငံခြားအရန်ငွေမှာ ၂၀၁၇ ခုနှစ်နောက်ပိုင်းမှ တိုးတက်လာခြင်းဖြစ်ပြီး အမှန်တကယ်ရှိသင့်သည့်ပမာဏ သွင်းကုန်ပမာဏ၏ ငါးလနှင့်ခြောက်လစာရှိသင့်သော်လည်း လက်ရှိတွင် သုံးလစာခန့်သာရှိကြောင်း ဇန်နဝါရီ ၆ ရက်က ရန်ကုန်မြို့ ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရုံးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။
“အခု ကျွန်တော်တို့ရဲ့ နိုင်ငံခြားရန်ပုံငွေက သုံးလစာလောက်ရှိပါတယ်။ တကယ်တမ်း ရှိသင့်တာက ငါးလ၊ ခြောက်လစာ လောက်ရှိပါတယ်။ အခုချိန်မှာတော့ အဲဒီကိစ္စတွေက အရင်ကာလမှာဆိုရင် ၂၀၁၂ က နေ ၂၀၁၇ လောက်အထိမှာ နိုင်ငံခြားရန်ပုံငွေက သိသိသာသာ တိုးတက်ခဲ့ခြင်းမရှိပါဘူး။ ၂၀၁၇ ခုနှစ် ဒီဘက်ပိုင်းမှာေ တာ်တော် လေးတိုးလာတဲ့အနေအထားကို တွေ့ရပါတယ်” ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဌ ဦးဘိုဘိုငယ်က ပြောကြားသည်။
နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံခြားအရန် ရန်ပုံငွေပမာဏခိုင်မာမှု၊ ငွေကြေးလဲလှယ်မှုနှုန်း ခိုင်မာမှုတို့ကို တိုင်းတာရာတွင်မူ သွင်းကုန် ပမာဏတစ်လစာ၏ ဘယ်နှစ်ဆရှိသည်ကို တိုင်းတာခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ နိုုင်ငံခြားအရန် ရန်ပုံငွေခိုင်မာမှုရှိသည့် နိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ယုံကြည်မှု ကို ပိုမိုရရှိစေသည့်အတွက် လက်ရှိအချိန်တွင် နိုင်ငံခြားအရန် ရန်ပုံငွေ တိုးမြှင့်ရရှိရေးကို အဓိကထား ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ မြန်မာပြည်က နိုင်ငံခြားရန်ပုံငွေဟာ လက်ရှိမှာ ဘာနဲ့တိုင်းတာသလဲဆိုရင် နိုင်ငံတစ်ခုရဲ့ငွေကြေးလဲလှယ်မှုနှုန်း ခိုင်မာမှုကို ဘာနဲ့တိုင်းတာသလဲဆိုရင် တိုင်းတာတဲ့ဟာ တစ်ခုပေါ့။ ဒီနိုင်ငံမှာအရေးအကြောင်းဆို ပေးရလို့ရှိရင် ဘယ်လောက်ပေးစရာရှိလဲ။ သွင်းကုန်ရဲ့နှစ်ဆလောက်ရှိတယ်။ တစ်လရဲ့သွင်းကုန်ရဲ့ ဘယ်နှစ်ဆလောက်ရှိတယ်။ ဘယ်လောက်လောက်ရှိလဲ၊ ဒီဟာအရေးကြီးပါတယ်။ ဒီလိုမျိုးခိုင်မာတဲ့ နိုင်ငံဟာဆိုရင် နိုင်ငံခြားငွေကြေးပိုပြီးခိုင် မာတဲ့နိုင်ငံဟာ ဆိုရင်ဒီနိုင်ငံက လုပ်ငန်းရှင်တွေ နိုင်ငံခြားကို ပိုက်ဆံထွက်ပြီးချေးတာဖြစ်ဖြစ် နိုင်ငံခြားနဲ့ ရင်းနှီးမြှုပ်နှံမှုပဲလုပ်လုပ် ယုံကြည်မှုပိုကြီးပါတယ်။ ဒီနိုင်ငံကတော့ နိုင်ငံခြားအရန်ရန်ပုံငွေ ပမာဏခိုင်မာမှုရှိတယ်ဆိုရင် နိုင်ငံတကာနဲ့ အလုပ်လုပ်တဲ့အခါမှာ ရောလာပြီးလုပ်တဲ့အခါမှာရော ယုံကြည်မှုရှိပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းရဖို့ ရောကျွန်တော်တို့ဆီက လုပ်ငန်းတွေချေးငွေရရှိဖို့အတွက်ကို အထောက်အကူရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံခြားရန်ပုံ ငွေတိုးမြှင့်ရေးကို အာရုံစိုက်ပါတယ်” ဟု ဦးဘိုဘိုငယ်က ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် သွင်းကုန်တင်သွင်းမှုပမာဏသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာကိုးဘီလျံကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁ ဒသမ ၃၇ ဘီလျံကျော်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁ ဒသမ ၆၆ ဘီလျံကျော်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁ ဒသမ ၆၅ ဘီလျံကျော်၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁ ဒသမ ၇၂ ဘီလျံကျော်၊ ၂၀၁၈-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁ဒသမ၈၆ ဘီလျံကျော်နှင့် ၂၀၁၈ ဘဏ္ဍာနှစ်ကြားကာ လခြောက်လတွင်မူ ဒေါ်လာ ၉ ဒသမ ၈ ဘီလျံ ကျော်အထိရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် သုံးလကျော်တွင် ပြည်ပ ကုန်သွယ်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း ၈၄၀၀ ကျော်ရှိပြီး ယ ခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၁၀၀ ကျော်ပိုမိုရရှိထားသော်လည်း ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာသန်း ၉၈၀ နီးပါးအထိရှိကြောင်း သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီ ၄ ရက်အထိ ပြည်ပကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၈၄၂၉ ဒသမ၃၂၀ သန်းရရှိထားသည်။
သို့သော် ယခင်နှစ်ကာလတူတွင်မှု အမေရိကန် ဒေါ်လာ ၈၃၂၃ ဒသမ ၈၉၉ သန်း အထိသာ ရရှိထားသည့်အတွက် ယခုဘဏ္ဍာ နှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၉၈၁ ဒသမ ၆၀၂ သန်းအထိ ပိုမိုရရှိထားခြင်းဖြစ်ကြောင်း သိရသည်။
ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နှစ်လကျော်အတွင်း ပြည်ပကုန်သွယ်မှုကို လေ့လာကြည့်ပါက မိမိနိုင်ငံက တင်ပို့သည့် ပို့ကုန် ကဏ္ဍမှ ရရှိသောဝင်ငွေသည် အမေရိကန်ဒေါ်လာ ၃၇၂၃ ဒသမ ၈၅၉ သန်းကျော်သာ ရရှိထားပြီး ပြည်ပမှ တင်သွင်းထားသည့် သွင်းကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၄၇၀၅ ဒသမ ၄၆၁ သန်းအထိ တင်သွင်းထားသည်။
ထို့ကြောင့် သွင်းကုန်ပမာဏသည် ပို့ကုန်ပမာဏထက် အမေရိကန်ဒေါ်လာ ၉၈၁ ဒသမ ၆၀၂ သန်း ပိုများနေသောကြောင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာသန်း ၉၈၀ ကျော်အထိ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
