YBS ယာဉ်လိုင်း ၂၀ မှ ယာဉ်မောင်းများအပါအဝင် စက်မှုဇုန်လုပ်သား ၄၀ ခန့် က အလုပ်သမားရပိုင်ခွင့်များနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့်တွေ့ဆုံခွင့်ရရန် ဖေဖော်ဝါရီ ၆ ရက် နံနက်မှ စတင်ကာ အစိုးရအဖွဲ့ရုံးရှေ့၌စောင့်ဆိုင်းခဲ့ကြောင်း သိရသည်။
စက်ရုံ၊ အလုပ်ရုံအသီးသီးမှ အလုပ်သမား ၄၀ ခန့်က အလုပ်ခွင်များတွင် အလုပ်သမား ရပိုင်ခွင့်များကို ဥပဒေပါအတိုင်း ညှိနှိုင်း ဆောင်ရွက်ပေးမှုမရှိသည့်အတွက် ကြုံတွေ့နေရသည့် အခက်အခဲများကို ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် လာရောက် ခြင်းဖြစ်ကြောင်း သိရသည်။
“စက်ရုံ ရှစ်ရုံပါ။ လက်ရှိကတော့ လှိုင်သာယာစက်မှုဇုန်မှာ ဖြေရှင်းလို့မရတဲ့စက်ရုံတွေ အခြေအနေတွေပါ။ Central Star စက်ရုံဆိုရင် ထွက်ပြေးသွားတဲ့အတွက်ကြောင့် ဝန်ကြီးချုပ်က ဖမ်းဝရမ်းကပ်ပြီးတော့ စက်ရုံမှာရှိတဲ့ပစ္စည်းတွေကို ရောင်းချ ပြီးတော့ အလုပ်သမားတွေကို ပေးလိုက်ပါဆိုပြီး ပြောတယ်။ အခုထိ ဌာနဆိုင်ရာတွေက မလုပ်ပေးသေးဘူး။ အဲဒါကြောင့် ကျွန် တော်တို့က ဝန်ကြီးချုပ်နဲ့တွေ့ဖို့လာတာပါ။နောက်တစ်ခုကျတော့ YBS ၂၀ ယာဉ်လိုင်းက အိုတီတွေပိုပြီးခေါ်ထားတာကို အလုပ်သမား ၁၇ ယောက်ကနေ ရုံးကိုသွားတိုင်တယ်။အိုတီတွေကို ခြောက်လဘတ်ဂျက်နဲ့ ပြန်ပြီးတော့ တောင်းတယ်။ အဲဒါကို အလုပ်ရှင်၊ အလုပ်သမား စစ်ဆေးရေးဌာနက ပေးပါဆိုပြီး ဆုံးဖြတ်ချက်ချလိုက်တယ်။ ဒီဆုံးဖြတ်ချက်ကို မလိုက်နာဘူးဆိုရင် အရေးယူမယ်လို့လည်း ပြောထားတယ်။ ပြီးတော့ သုံးကြိမ် သုံးခါ ခေါ်တယ်။ မပေးဘူးလို့ လုပ်တယ်။အခုချိန်အထိ တရားစွဲမှုလည်းမရှိဘူး။ ဖြေရှင်းပေးမှုလည်းမရှိဘူး။ အဲဒါကြောင့် လာခဲ့တာပါ” ဟု အလုပ်သမားအခွင့်အရေးလှုပ်ရှားသူ ကိုစိုင်းယုမောင်က ပြောကြားသည်။
ထို့ပြင် လုပ်ငန်းခွင်အတွင်း အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုပြဿနာများအား မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးရုံး၊ အလုပ်သမား ခုံသမာဓိကောင်စီတို့တွင် ဖြေရှင်းခွင့်မရဘဲ တရားရုံး၌ ဖြေရှင်းရမှုများရှိသဖြင့် အလုပ်သမားများအတွက် အခက်အခဲရှိကြောင်း သိရသည်။
“လုပ်ငန်းရှင်တွေက စက်ရုံရွှေ့ပြောင်းမှုရှိတယ်ဆိုရင် အလုပ်သမားရဲ့သဘောဆန္ဒအရ မလိုက်နိုင်ဘူးဆိုရင် အလုပ်သမားကို ဥပဒေနဲ့အညီ လျော်ကြေးပေးရမယ်ဆိုတဲ့ဟာရှိတယ်။ ဒီလိုအတိအကျတွေပါ ထားတာတောင်မှ တရားရုံးကိုလွှဲနေတယ်ဆိုရင် ဒါကို လုံးဝလက်မခံနိုင်ဘူး။ ဒါကြောင့် အလုပ်သမားတွေ ကိုယ်တိုင်က မရရတဲ့ရုံးကို တက်မယ်ဆိုပြီး ဒီကို (အစိုးရရုံးရှေ့)ရောက်လာတာပါ” ဟု ကိုစိုင်းယုမောင်က ပြောကြားသည်။
ယင်းသို့ စက်ရုံ၊ အလုပ်ရုံရှစ်ရုံမှ အလုပ်သမား ၄၀ ခန့်က ဝန်ကြီးချုပ်နှင့်တွေ့ဆုံရန် ညနေ ၅ နာရီအထိ စောင့် ဆိုင်းခဲ့သော်လည်း အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများက ဝန်ကြီးချုပ် မအားသဖြင့် တင်ပြမည့်အကြောင်းအရာများနှင့် တွေ့ဆုံမည့်နေ့ရက်ကိုစာဖြင့် ရေးသားကာ တင်ပြပေးရန် ပြောကြားခဲ့ကြောင်း သိရသည်။
သို့သော် အလုပ်သမားများအနေဖြင့် ဝန်ကြီးချုပ်နှင့် မည်သည့်နေ့ရက်တွင် တွေ့ဆုံခွင့်ပေးမည့်အကြောင်းကို မသိရှိဘဲ ပြန်မည်မဟုတ်ကြောင်း အလုပ်သမားအခွင့်အရေး ကူညီလှုပ်ရှားသူများအဖွဲ့မှ ကိုချမ်းမြေ့အောင်က ပြောကြားသည်။
“အလုပ်သမားတွေက ဒီနေ့တစ်နေ ကုန်လာတယ်။ အဖြေမသိရဘဲ ပြန်သွားရင် တချို့အလုပ်သမားတွေက တခြားစက်ရုံမှာ အလုပ်လုပ်နေတော့ အလုပ်ပျက်ခံပြီးလာရတာ။ နောက်တစ်ခါပြန်လာရရင် အခုလုပ်နေတဲ့အလုပ်က ရက်တွေပျက်ပြီး ဒုက္ခ ရောက်နေဦးမှာ။ ရှေ့အမှု မပြီးသေးဘူး။ နောက်အမှု တက်လာမယ့် ပုံစံဖြစ်သွားမယ်” ဟု ကိုချမ်းမြေ့အောင်က ဖေဖော်ဝါရီ ၆ ရက် ညနေ ၅ နာရီက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လာတွေ့ဆုံသည့် စက်ရုံအလုပ်ရုံများမှာ Central Star အထည်ချုပ်စက်ရုံ၊ မြန်မာ အင်ဖို့ချန့် ဖိနပ်နှင့် တွဲဖက်ပစ္စည်းစက်ရုံ၊ VIP ဘက်တံနှင့် ဂေါက်တံစက်ရုံ၊ မေခစံ စက္ကူပုံးစက်ရုံ၊ P & S ပိုက်ဆံအိတ်စက်ရုံ၊ ပင်လယ်ဧကရီ ငါးအမှုန့်ကြိတ်စက်ရုံ၊ ပုလဲအထည်ချုပ်စက်ရုံနှင့် YBS ၂၀ ယာဉ်လိုင်း (Omini Focus) တို့ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
