Red dot နှင့် မတူညီဘဲ ဗဟိုဘဏ်မှ လိုင်စင်ချပေးထားသည့် လုပ်ငန်းဖြစ်ကြောင်း Wave Money က ဖေဖော်ဝါရီ ၆ ရက်က ရှင်းလင်းထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီ ၄ ရက်တွင် Red Dot လုပ်ငန်းအား ရပ်ဆိုင်းလိုက်ပြီး အရောင်းကိုယ်စားလှယ်များအား လက်ကျန်ငွေများ ရှင်းလင်းပေးခြင်းမရှိဘဲ ရုံးခန်းပိတ် ပျောက်သွားခြင်းနှင့် ပတ်သက်၍ စျေးကွက်အတွင်း မိုဘိုင်းငွေကြေးကဏ္ဍ၏ တည်ငြိမ်မှုနှင့် ကိုယ်စားလှယ်များဖြင့် လုပ်ကိုင်လည်ပတ်လျက်ရှိသော ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများအပေါ် စိုးရိမ်ပူပန်မှုများ ရှိလာနိုင်ခြင်း ကြောင့် Wave Money အနေဖြင့် ရှင်းလင်းရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
Red Dot နှင့် မတူညီဘဲ Wave Money သည် မိုဘိုင်းငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ လိုင်စင်ချထားပေးသောလုပ်ငန်းဖြစ်ကြောင်း၊ ယင်း စည်းမျဉ်းစည်းကမ်းများတွင် ပါဝင်သော အဓိကအချက်မှာကိုယ်စားလှယ်များနှင့် သုံးစွဲသူများ၏ ငွေကြေးများကို ကာကွယ်ထိန်းသိမ်းရန်ဖြစ်ကြောင်း၊ စည်းမျဉ်းစည်းကမ်း များအရ ယင်းငွေကြေးများ၏ ၁၀၀ ရာခိုင် နှုန်းအား ရိုးမဘဏ်တွင် Trust Account ငွေစာရင်းအဖြစ် ထိန်းသိမ်းထားကြောင်း၊ အာမခံကိုယ်စားလှယ်များနှင့် သုံးစွဲသူများ၏ ငွေကြေးများမှာ အပြည့်အဝ ကာကွယ်ထားပြီးဖြစ်ကြောင်း ထုတ်ပြန်သည်။
Wave Money သည် မိုဘိုင်းအော်ပရေတာအဖြစ် Telenor နှင့် ဘဏ်အဖြစ် ရိုးမဘဏ်တို့မှ ကျောထောက်နောက်ခံ ပြုထားသော လုပ်ငန်းဖြစ်သည်။ တာဝန်ခံမှုရှိသော စီးပွားရေး လုပ်ငန်းအလေ့အထများ နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်း မျဉ်းစည်းကမ်းများအား လိုက်နာကျင့်သုံးမည် ဖြစ်ပြီး ကိုယ်စားလှယ်များနှင့် သုံးစွဲသူများအား ကာကွယ် စောင့်ရှောက်ပေးလျက်ကြောင်း ထုတ်ပြန်သည်။
Red Dot ကုမ္ပဏီမှ အရောင်းကိုယ်စားလှယ်များကို ကျန်ရှိနေသည့် ငွေများကို လွှဲပြောင်းပေးခြင်း မရှိသဖြင့် စျေးကွက်အတွင်း နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း Red Dot အရောင်းကိုယ်စားလှယ်များထံမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
