ရန်ကုန်တက္ကသိုလ် အင်းလျားဆောင်အတွင်း ညအချိန်မတော် ရိုက်ကူးရေးပြုလုပ်ခဲ့သည့် ရုပ်ရှင်အဖွဲ့အား ရန်ကုန်တက္ကသိုလ် အတွင်း ရိုက်ကူးခွင့်သုံးနှစ်ပိတ်ကာ အရေးယူခဲ့ကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ထံမှ စုံစမ်းသိရသည်။
အဆိုပါဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၃ ရက်က ရန်ကုန်တက္ကသိုလ် အင်းလျားဆောင်အတွင်း ည ၁၁ နာရီ ၄၅ မိနစ်အထိ အမျိုး သား၂၀ ခန့်က ပါမောက္ခချုပ်၏ ခွင့်ပြုချက်ဖြင့် ရုပ်ရှင်လာရောက်ရိုက်ကူးခဲ့ကြောင်း၊ ရုုိက်ကွင်းတည်နေရာ ပတ်ဝန်းကျင်ရှိ အခန်းများမှ ကျောင်းသူများက ဖုန်းများကို အသံပိတ်ပေးထားရခြင်း၊ မလွတ်လပ်ခြင်းတို့ ကြုံတွေ့ရသည့်အပြင် လာရောက်ရိုက်ကူးသူများက ကျောင်းသူများကို နှုတ်ဖြင့်ထိပါးပြောဆိုခြင်း၊ ကျောင်းသူအခန်းများကို ချောင်းကြည့်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသ)၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၅ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်တက္ကသိုလ်၊ ၀ိဇ္ဇာ ခန်းမအစည်းအဝေးခန်း၌ ည အချိန်မတော် အင်းလျားဆောင်အတွင်း ရိုက်ကူးရေး ခွင့်ပြုခဲ့ခြင်းနှင့်ပတ်သတ်၍ ကျောင်းသားကျောင်းသူအချို့၊ အင်းလျားအဆောင်သူအချို့၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရန်ကုန် တက္ကသိုလ်ဆရာများအသင်း၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့နှင့် ရိုက်ကူးရေးတာဝန်ရှိသူများ အစည်းအဝေး ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိသူများက အထက်ပါကိစ္စရပ်အတွက် သတ်မှတ်ထားသော စည်းမျဉ်းများ နှင့်အညီ အရေးယူဆောင်ရွက်ပြီး တာဝန်ယူ ဖြေရှင်းပေးမည်ဖြစ်ကြောင်း၊ ရိုက်ကူးရေးအဖွဲ့မှ စီစဉ်ထုတ်လုပ်သူက အဆောင်မှူးကို ခွင့်တောင်းပြီး ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့ အမှားသာဖြစ်ကြောင်း၊ ဖြစ်ခဲ့သည့် ကိစ္စရပ်များအတွက် အနူးအညွတ်တောင်းပန်ကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် အင်းလျားအဆောင်မှူးက ညဘက်ရိုက်ကူးရေးကို လက်ခံမိခြင်းသည် ၎င်း၏ အမှားဖြစ်ကြောင်း၊ ယင်းကိစ္စအတွက် တာဝန်ယူပေးမည် ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ ရန်ကုန်တက္ကသိုလ်ဆရာများ အသင်းကလည်း အရေးယူပေးရန်နှင့် အဆောင်စည်းကမ်းများကို ပြန်လည် ဆန်းစစ် ရန်လိုကြောင်း ပြောကြားခဲ့ပြီး တက္ကသိုလ်စီမံ အဖွဲ့က အဆောင်စည်းကမ်းတွင် အဆောင်နေသူများ ကိုယ်တိုင် ပါဝင်ရေးဆွဲရေးကို အကောင်အထည်ဖော်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ထို့နောက် အစည်းအဝေးတက်ရောက်သူများ၏ သဘောတူညီချက်များအရ အပြစ်ကျူးလွန်ခဲ့သော ရိုက်ကူးရေးအဖွဲ့ကို ရန် ကုန်တက္ကသိုလ်တွင်း ရိုက်ကူးခွင့် သုံးနှစ်ပိတ်လိုက်ကြောင်းနှင့် ရိုက်ကူးရေးကိုခွင့်ပြုခဲ့သော အဆောင်မှူးအနေဖြင့် ခံဝန်ကတိရေး ထိုးရမည်တို့ကို ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ထို့အတူ ရိုက်ကူးရေးပြုလုပ်ခဲ့သည့် နိယျာယန ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးအဖွဲ့ကလည်း ရန်ကုန်တက္ကသိုလ် ကျောင်း သားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ကို ရိုက်ကူးရေးကိစ္စ နောက်ကျရခြင်းနှင့်ပက်သက်ပြီး တောင်းပန်ခဲ့ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
