ကုန်သွယ်ရေးစစ်ပွဲအရှိန် မြင့်နေစဉ် အမေရိကန်က ဧရာမဆက်သွယ်ရေးကုမ္ပဏီ Huawei အား ပစ်မှတ်ထားခဲ့မှုကို လက်တုံ့ပြန်မှုအဖြစ် စိတ်မချရသည့် နိုင်ငံခြားကုမ္ပဏီများနှင့် လူပုဂ္ဂိုလ် အမည်ပျက်စာရင်းတစ်ခု ထုတ်ပြန်မည်ဟု တရုတ်အစိုးရက မေ ၃၁ ရက်တွင် ကြေညာခဲ့သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်က Huawei ကုမ္ပဏီကို အမည်ပျက်စာရင်းသွင်းခဲဲ့ပြီးနောက် တရုတ်က လက်တုံ့ပြန်မည်ဟု သတိပေးခဲ့ပြီး ဒေါ်လာ ၆၀ ဘီလျံတန်ဖိုးရှိ အမေရိကန် ကုန်ပစ္စည်းများအပေါ် စည်းကြပ်အခွန်ကောက်ခံမှု မတိုးမြှင့်မီ ယင်းကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အမေရိကန်ကုန်သွယ်ရေးဌာနသည် နိုင်ငံတော် လုံခြုံရေးအကြောင်း ကိစ္စနှင့်ပတ်သက်ပြီး Huawei ကုမ္ပဏီကို မေ ၁၆ ရက်တွင် အမည်ပျက်စာရင်း၌ ထည့်သွင်းခဲ့ပြီးနောက် တရုတ်၏ ကုန်သွယ်ရေးဝန်ကြီးဌာနကလည်း စိတ်မချသည့် ကုမ္ပဏီစာရင်းကို ထုတ်ပြန်မည်ဟု မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ကန်ထရိုက်သဘောသဘာဝမှ လမ်းလွဲခြင်း (သို့မဟုတ်) ပိတ်ဆို့မှုများချမှတ်ခြင်း (သို့မဟုတ်) စီးပွားရေး အကျိုးအမြတ်အတွက်မဟုတ်ဘဲ တရုတ်စီးပွားရေးလုပ်ငန်းများသို့ ထောက်ပံ့ပေးမှုများ ရပ်ဆိုင်းခြင်း၊ တရုတ်စီးပွားရေးလုပ်ငန်းများ၏ အကျိုးအမြတ်များနှင့် တရားဝင် အခွင့်အရေးများကို ထိခိုက်စေခြင်း၊ စျေးကွက်စည်းကမ်းများကို လိုက်နာမှုမရှိခြင်း စသည့် အချက်များကို ချိုးဖောက်သည့် နိုင်ငံခြားကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် ယင်းစာရင်းတွင် ပါဝင်မည်ဟု ကုန်သွယ်ရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ကောင်ဖန်က ပြောကြားခဲ့သည်။
ယင်းစာရင်းနှင့်ပတ်သက်ပြီး ကုမ္ပဏီများကို အရေးယူဆောင်ရွက်မှု အသေးစိတ်ကို မကြာမီ ဖြန့်ချိသွားမည်ဟု ကောင်က ပြောကြားခဲ့သည်။
Huawei နှင့် စီးပွားရေးဆိုင်ရာဆက်ဆံမှုကို ဆက်လက်လုပ်ဆောင်ရန် နိုင်ငံခြားကုမ္ပဏီများကို ဖိအားပေးရန် ရည်ရွယ်ပြီး တရုတ်က အဆိုပါအမည်ပျက်စာရင်း ထုတ်ပြန်ရန် စီစဉ်ခဲ့ပုံရသည်။ အမေရိကန်ကလည်း တရုတ်စောင့်ကြပ်သည့် ကုမ္ပဏီများကို လူ့အခွင့်အရေးချိုးဖောက်မှုစာရင်းတွင် ထည့်သွင်းရန် စဉ်းစားနေသည်ဟု ထုတ်ပြန်ခဲ့သည်။
Android စနစ် တီထွင်သည့် Google သည်လည်း Huawei အား ပိတ်ပင်သည့် အမေရိကန်အစိုးရ၏ ညွှန်ကြားချက်ကို လိုက်နာမည်ဟု ကြေညာခဲ့သည့် ကုမ္ပဏီများထဲတွင် ပါဝင်ခဲ့သည်။
Huawei သည် တရုတ်၏ကွန်မြူနစ်ပါတီ ဦးဆောင်သည့် အစိုးရအဖွဲ့နှင့် လေးနက်သည့် ချိတ်ဆက်မှုရှိသည်ဟု အမေရိကန်က အခိုင်အမာပြောကြားခဲ့ပြီး ယင်းကုမ္ပဏီ၏ ပစ္စည်းကိရိယာများကို တရုတ်ထောက်လှမ်းရေးဌာနအတွက် လျှိုဝင်လာသည့် ရန်သူ့လက်ပါးစေအဖြစ် အသုံးချနိုင်ခြေရှိသည်ဟု သတိပေးခဲ့သည်။
ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်း ထုတ်လုပ်သည့် ကုမ္ပဏီနှင့် အနာဂတ်မျိုး ဆက် 5G ကွန်ရက် တီထွင်မှုတွင် ဦးဆောင်သူဖြစ်သည့် Huawei ကုမ္ပဏီကမူ ယင်းစွပ်စွဲချက်များကို ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
