ဘန်ကောက်၏ အကြီးဆုံးလေဆိပ်ဖြစ်သည့် သုဝဏ္ဏဘူမိတွင် အကောက်ခွန်မဲ့ ပစ္စည်းအရောင်းဆိုင်များ ဖွင့်လှစ်ရန်အတွက် King Power ကုမ္ပဏီက ထပ်မံ လေလံအောင်ခဲ့သည်ဟု အာဏာပိုင်များက မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။ ယင်းသည် တစ်နှစ်လျှင် ဝင်ငွေဒေါ်လာ နှစ်ဘီလျံခန့်ရှိသော ဆိုင်ခန်းများ ဖွင့်လှစ်ရန်အတွက် ယင်းကုမ္ပဏီ၏ တစ်ဦးတည်း ချုပ်ကိုင်ထားမှုကို ချဲ့ထွင်ရန် အသင့်ဖြစ်စေခဲ့သည်။
ထိုင်းနိုင်ငံ၏ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ်နှင့် Leicester City ဘောလုံးအသင်း၏ ပိုင်ရှင်ဖြစ်သည့် ကွယ်လွန်သူ Vichai Srivaddhanaprabha တည်ထောင်ခဲ့သည့် King Power ကုမ္ပဏီသည် ၂၀၀၆ ခုနှစ်မှစပြီး ထိုင်းနိုင်ငံ၏ အကောက်ခွန်မဲ့ ပစ္စည်းအရောင်းဆိုင်စျေးကွက်ကို တစ်ဦးတည်း ချုပ်ကိုင်ထားခဲ့သည်။
တစ်ဦးတည်းချုပ်ကိုင်မှုကို အဆုံးသတ်ရန် တောင်းဆိုခဲ့သည့် ကမ္ဘာ့အကြီးဆုံး ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီအချို့အပါအဝင် ပြိုင်ဘက်ကုမ္ပဏီများက ယင်းလေလံအောင်မှုကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ကုမ္ပဏီတစ်ခုတည်းကို လုပ်ပိုင်ခွင့်ပေးခြင်းက ထိုင်းနိုင်ငံ၏ လေဆိပ်များအတွက် ဝင်ငွေကို ကန့်သတ်ထားပြီး ခြစားမှု ဖြစ်လာနိုင်ခြေရှိသည်ဟု ပြောကြားခဲ့သည်။
Airports of Thailand (AoT) က စီမံခန့်ခွဲသည့် လက်ရှိဆိုင်ခန်းများ ဖွင့်လှစ်ခွင့်လိုင်စင်ကို ၂၀၂၀ ပြည့်နှစ်တွင် အသစ်လဲလှယ်ရမည်ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် နိုင်ငံတကာခရီးသွား ၅၁.၅ သန်းကျော် ဝင်ရောက်ခဲ့သည့် သုဝဏ္ဏဘူမိလေဆိပ်တွင် အကောက်ခွန်မဲ့ပစ္စည်းဆိုင်များမှ ရောင်းရငွေသည် တစ်နှစ်လျှင် ဒေါ်လာ ၁.၉ ဘီလျံခန့် ရရှိခဲ့သည်ဟု ထိုင်းဖွံ့ဖြိုးတိုးတက်မှု သုတေသနအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ကိုရီးယား၏ Lotte နှင့် ဆွစ်ဇာလန်၏ World Duty Free Group နှင့်အစုစပ်ဖြစ်သည့် Empire Asia Group တို့က ယှဉ်ပြိုင်ခဲ့သော်လည်း King Power ကပင် လေလံအောင်ခဲ့သည်ဟု AoT က ထုတ်ပြန်ခဲ့သည်။ ဆုံးဖြတ်ချက်ကို ဇွန် ၁၉ ရက်တွင် အပြီးသတ်ချမှတ်ရန် စီစဉ်ထားသည်။
“King Power က AoT လက်ရှိရရှိထားတဲ့ ပမာဏထက် ပိုများတဲ့ငွေကြေးကို ကမ်းလှမ်းခဲ့တယ်။ ကျွန်တော်တို့ရဲ့ စေ့စပ်ဆွေးနွေးမှုကို အဆုံးသတ်ခဲ့တယ်” ဟု AoT ၏ အကြီးတန်းအမှုဆောင် ဒုတိယဥက္ကဋ္ဌ Wichai Bunyu က ပြောကြားခဲ့သည်။ ကုမ္ပဏီတစ်ခုစီက စျေးပြိုင်မည်မျှပေးပြီး လေလံဆွဲခဲ့သည်ကို ၎င်းက ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။
ထိုင်းနိုင်ငံ၏ အကျိုးအမြတ်များသော အကောက်ခွန်မဲ့ ပစ္စည်းအရောင်းဆိုင် စျေးကွက်ကို စိတ်ဝင်စားနေသော ပြိုင်ဘက်ကုမ္ပဏီများက တစ်ဦးတည်းလက်ဝါးကြီးအုပ်မှုကို အဆုံးသတ်ရန် တိုက်တွန်းခဲ့ကြသည်။ သို့သော် King Power ကုမ္ပဏီသည် အလွန်အမင်း အချိတ်အဆက်ကောင်းသည့် ကုမ္ပဏီဖြစ်သည်။ ပြီးခဲ့သည့်နှစ်အစောပိုင်းတွင် သေဆုံးခဲ့သည့် ယင်းကုမ္ပဏီပိုင်ရှင် Vichai ၏ စျာပနကို တော်ဝင်မိသားစုက တစ်စိတ်တစ်ပိုင်း ပံ့ပိုးပေးခဲ့သည်။ ယင်းစျာပနတွင် ထိုင်းနိုင်ငံ၏ နိုင်ငံရေးသမားများနှင့် စီးပွားရေးအထက်လွှာများက ဂါဝရပြုခဲ့ကြ သည်။ လေလံအောင်မှုတွင် ပွင့်လင်းမြင်သာမှု နည်းပါးမှုနှင့်ပတ်သက်ပြီး စိတ်ပျက်ခဲ့ရသည်ဟု လေလံဆွဲသည့် ပြိုင်ဘက်ကုမ္ပဏီများက ထုတ်ဖော်ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
