မွေးဖွားချိန်တွင် ကိုယ်အလေးချိန် ၂၄၅ ဂရမ် (၈.၆ အောင်စ) မျှသာရှိသော်လည်း အသက်ရှင်ခဲ့သည့် ကမ္ဘာ့အသေးဆုံး ကလေးမွေးဖွားမှုကို မေ ၂၉ ရက်တွင် ကယ်လီဖိုးနီးယားဆေးရုံက ထုတ်ဖော်ပြသခဲ့သည်။
ဆေးရုံဝန်ထမ်းများက ဆေဘီးဟု နာမည်ပေးထားသော မိန်းကလေးကို မိခင်ကိုယ်ဝန်ဆောင်ချိန် သီတင်း ၂၃ ပတ်နှင့် သုံးရက်အကြာတွင် ဆန်ဒီယေဂိုရှိ အမျိုးသမီးများနှင့် မွေးကင်းစများ၏ Sharp MaryBirch ဆေးရုံ၌ မွေးဖွားခဲ့ခြင်းဖြစ်သည်။
ဖခင်သည် မွေးကင်းစလေး မသေဆုံးမီ ၎င်းနှင့် တစ်နာရီခန့် အတူရှိခွင့်ရမည်ဟု ဆရာဝန်များက ကနဦးတွင် ပြောကြားခဲ့သည်။ “ဒါပေမဲ့ အဲဒီအချိန်ဟာ နှစ်နာရီ ဖြစ်သွားခဲ့တယ်။ နှစ်နာရီကနေ တစ်ရက်ဖြစ်သွားခဲ့ပါတယ်။ တစ်ရက်ကနေ တစ်ပတ်ဖြစ်သွားခဲ့ပါတယ်” ဟု ဆေးရုံက ထုတ်ပြန်ပေးခဲ့သော ဗွီဒီယိုတွင် ၎င်း၏ မိခင်က ပြောကြားခဲ့သည်။
မိခင်ကို အသက်အန္တရာယ်ဖြစ်စေသည့် ပြင်းထန်သည့် ကိုယ်ဝန်ဆောင်ရောဂါများ ထပ်တိုးဖြစ်ပွားလာခဲ့ပြီးနောက် ဆေဘီးကို ဒီဇင်ဘာတွင် အရေးပေါ် ဗိုက်ခွဲမွေးခဲ့ရသည်ဟု ဆရာဝန်များက ပြောကြားခဲ့သည်။ ဆေးရုံ၏ မွေးကင်းစကလေးအထူးကြပ်မတ်ဆောင်တွင် ငါးလကြာနေခဲ့ရပြီးနောက် ယခုလအစောပိုင်းတွင် ဆေးရုံမှဆင်းခဲ့ရသည်။ ဆေးရုံမှဆင်းချိန်တွင် ဆေဘီးသည် ကျန်းမာနေပြီး ကိုယ်အလေးချိန်ငါးပေါင်ရှိကာ ဘွဲ့ဦးထုပ်ကို ဆောင်းနိုင်နေပြီဖြစ်သည်။
“သူကတော့ အံ့ဖွယ်ပါပဲ။ တကယ့်အံ့ဖွယ်ပါ” ဟု ဆေဘီးကိုပြုစုခဲ့သော သူနာပြု ကင်နော်ဘီက ပြောကြားခဲ့သည်။
Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
