အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေးစစ်ပွဲအတွက် စကားလုံးတိုက်ပွဲကို တရုတ်က အရှိန်မြှင့်ခဲ့ပြီး အမေရိကန်သည် စီးပွားရေးအကြမ်းဖက်မှုကို ဗြောင်ကျကျ ဆောင်ရွက်ခဲ့ဟု မေ ၃၀ ရက်တွင် စွပ်စွဲပြောကြားခဲ့သည်။
ကမ္ဘာ့ထိပ်တန်းစီးပွားရေးအင်အားကြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်ပွဲအတွက် ဆွေးနွေးပွဲများ တုံ့ဆိုင်းနေသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယခုလအစောပိုင်းတွင် တရုတ်သွင်းကုန် ဒေါ်လာ ၂၀၀ ဘီလျံဖိုးခန့်အား စည်းကြပ်ခွန်များ မြှင့်တင်ခဲ့ပြီး တရုတ်ဆက်သွယ်ရေးလုပ်ငန်းကြီး Huawei ကိုလည်း အမည်ပျက်စာရင်း သွင်းခဲ့သည်။
“ကုန်သွယ်ရေးစစ်ပွဲကို ကျွန်တော်တို့ ဆန့်ကျင်ပါတယ်။ ဒါပေမဲ့ ကြောက်နေတာတော့ မဟုတ်ပါဘူး”ဟု တရုတ်ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ကျန်ဟန်ဟွေက သမ္မတ ရှီကျင်ပင်း၏ ရုရှားခရီးစဉ်အတွက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ကြိုတင်ကြံရွယ်ထားသော ကုန်သွယ်ရေး ပဋိပက္ခလှုံ့ဆော်မှုသည် ဗြောင်ကျကျ စီးပွားရေး အကြမ်းဖက်မှုဖြစ်ကြောင်းကျန်က ပြောကြားခဲ့သည်။
အမေရိကန်ထုတ်ကုန် ဒေါ်လာ ၆၀ ဘီလျံဖိုးအား တရုတ်ကစည်းကြပ်ခွန် ပြဋ္ဌာန်းမှုသည် လာမည့် ဇွန် ၁ ရက်တွင် အာဏာသက်ဝင်မည်ဖြစ်သည်။ ထို့ပြင် အမေရိကန်သို့ Rare earth များ တင်ပို့မှုကို တရုတ်က ရပ်ဆိုင်းနိုင်ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြထားသည်။ အဆင့်မြင့် နည်းပညာထုတ်ကုန်များ ထုတ်လုပ်ရာတွင် အသုံးပြုသော ရင်းမြစ်ဖြစ်သည့် ရှားပါး တွင်းထွက်များကို တရုတ်က လက်နက်အဖြစ် အသုံးချလာနိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားထားသည်။
တရုတ်အစိုးရမီဒီယာနှင့် တာဝန်ရှိသူများသည် အမေရိကန်နှင့် စကားလုံးစစ်ပွဲကိုလည်း အရှိန်မြှင့်တင်ခဲ့သည်။ အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သည့် တရုတ်ရုပ်မြင်သံကြား China Global Television Network (CGTN) မှ သတင်းတင်ဆက်သူတစ်ဦးနှင့် အမေရိကန်ရုပ်သံ Fox Business Network မှ အစီအစဉ်တင်ဆက်သူတို့သည် လူမှုမီဒီယာတွင် စကားလုံး စစ်ဆင်ခဲ့ကြပြီးနောက် ကုန်သွယ်ရေးစစ်ပွဲအတွက် ရုပ်သံတွင် ထိပ်တိုက်ဆွေးနွေးမှုကို ဆောင်ရွက်ခဲ့ကြသည်။ CGTN မှ လျူရှင်နှင့် Fox မှ ထရစ်ရေဂင်တို့သည် ရုပ်သံတွင်မူ ရည်မွန်စွာ ဆွေးနွေးခဲ့ကြသည်။
တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော်ဖြစ်သော People’s Daily ကမူ မေ ၂၉ ရက် အယ်ဒီတာ့အာဘော်တွင် Rare earth များကို တန်ပြန်လက်နက်အဖြစ် အသုံးပြုနိုင်ကြောင်း တင်းတင်းမာမာ သတိပေးခဲ့သည်။ တရုတ်သည် ကမ္ဘာတွင် Rare earth များ၏ ၉၅ ရာခိုင်နှုန်းကျော်ကို ထုတ်လုပ်နေပြီး အမေရိကန်သည် Rare earth သွင်းကုန် ရာခိုင်နှုန်း ၈၀ အတွက် တရုတ်ကို မှီခိုနေရသည်။
၀ါရှင်တန်နှင့် ပေကျင်းတို့ တင်းမာနေချိန်တွင် သမ္မတရှီသည် ဇွန် ၅ ရက်မှ ၇ ရက်အတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံရန် စီစဉ်နေသည်။ ကုန်သွယ်ရေး စစ်ပွဲနှင့်ပတ်သက်ပြီး တရုတ်နှင့် ရုရှားတို့သည် ဘုံအကျိုးစီးပွားနှင့် ကျယ်ပြန့်သော သဘောထားတူညီမှုတို့ ရှိကြကြောင်း ကျန်ဟန်ဟွေက ပြောကြားခဲ့သည်။ Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
