အရှေ့အာရှသည် ဒေသတွင်းကုန် သွယ်မှုကိုမြှင့်တင်ရန် ဒေါ်လာတစ်ဆင့်ခံ လွှဲပြောင်းမှုကို မှီခိုနေမှုမှ စွန့်လွှတ်၍ ရွှေကိုအခြေခံသော ဒေသတွင်းကုန်သွယ်ရေး ဘုံငွေကြေးတစ်ခုကို စဉ်းစားသင့်ကြောင်း မလေးရှားဝန်ကြီးချုပ် မိုဟာမက်မဟာသီယာက မေ ၃၀ ရက်တွင် အဆိုပြုခဲ့သည်။ ထိုအဆိုပြု ဘုံငွေကြေးအား ဒေသတွင်းကုန်သွယ်ရေးအတွက် အသုံးပြုနိုင်မည်ဖြစ်သော်လည်း ပြည်တွင်းအဆင့်တွင်မူ နိုင်ငံသုံး ငွေကြေးများနေရာ၌ အစားထိုးမည်မဟုတ်ကြောင်း မဟာသီယာက ပြောကြားခဲ့သည်။
လတ်တလောတွင် မိမိတို့သည် ဒေသတွင်းကုန်သွယ်ရေးအတွက် အမေရိကန်ဒေါ်လာကို မှီခိုနေရကြောင်း၊ သို့သော် အမေရိကန်ဒေါ်လာသည် တည်ငြိမ်မှုမရှိကြောင်း၊ ယင်းအတွက်ကြောင့် မိမိတို့သည် ရွှေကိုအခြေခံသင့်ကြောင်း၊ ရွှေသည် ပိုမိုတည်ငြိမ်မှုရှိကြောင်း မဟာသီယာက တိုကျိုတွင်ကျင်းပသော အာရှအနာဂတ်ဖိုရမ်၌ ပြောကြားခဲ့သည်။
ဒေသတွင်းသုံးငွေကြေး၏ လဲလှယ်မှုနှုန်းသည် ထိုတစ်နိုင်ငံချင်းစီ၏ စွမ်းဆောင်ရည်နှင့် ဆက်နွှယ်နေမည်ဖြစ်ပြီး ဒေသတွင်း ကုန်သွယ်ရေးသဟဇာတဖြစ်စေရန် ကူညီပေးလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယင်းနည်းလမ်းဖြင့် မိမိတို့ မည်မျှ ရရှိမည်နှင့် မည်မျှပေးဆောင်ရမည်ကို သိရှိ မည်ဖြစ်ကြောင်းလည်း မဟာသီယာက ပြောကြားခဲ့သည်။
ပြီးခဲ့သောနှစ်တွင် ရွေးကောက်ပွဲ၌ အံ့အားသင့်ဖွယ် အနိုင်ရခဲ့ပြီးနောက် ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် ပြန်လည်ထမ်းဆောင်နေသည့် မဟာသီယာသည် ဘဏ္ဍာရေးဆိုင်ရာ အစွဲမရှိသူတစ်ဦးအဖြစ် ထင်ရှားခဲ့သည်။
ဒေသတွင်း၌ ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ပေါ်နေစဉ် ၁၉၉၈ ခုနှစ်၌ မဟာသီယာသည် အပြည်ပြည်ဆိုင်ရာ ကျွမ်ကျင်ပညာရှင်များ၏ အကြံပြုမှုများအား အာခံခဲ့ပြီး စီးပွားရေးကိုကာကွယ်ရန်အတွက် အရင်းအနှီးစီးဆင်းမှုကို ထိန်းချုပ်ခဲ့သည်။ ထို့ပြင် မဟာသီယာသည် ငွေကြေးကုန်သွယ်မှုကို ကာလရှည်ကြာ ဝေဖန်သူတစ်ဦးလည်း ဖြစ်သည်။
မလေးရှားက Huawei ကို ဖြစ်နိုင်သမျှ များများသုံးစွဲသွားမည်
တရုတ်ဆက်သွယ်ရေးနည်းပညာ ကုမ္ပဏီကြီး Huawei အား အမေရိကန်က ပိတ်ပင်ထားပြီး လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများရှိနေသော်လည်း မလေးရှားသည် Huawei ထုတ်ကုန်များကို ဖြစ်နိုင်သမျှ များများသုံးစွဲ သွားမည်ဖြစ်ကြောင်း မဟာသီယာက ပြောကြားခဲ့သည်။ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများရှိသည်ကို လက်ခံသော်လည်း ယင်းသည် မလေးရှားအား ဟန့်တားလိမ့်မည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
သူလျှိုပြုလုပ်မှုအချို့ ဖြစ်နိုင်ဖွယ်ရှိသော်လည်း မလေးရှားတွင် မည်သည့်အရာကို သူလျှိုပြုလုပ်မည်နည်းဟု အသက် ၉၃ နှစ်ရှိ မဟာသီယာက မေးခွန်းထုတ်ခဲ့သည်။ သုတေသနအတွက် Huawei ၏ လက်လှမ်းမီမှုသည် မလေးရှားသုတေသန လုပ်ဆောင်မှုတစ်ခုလုံးထက် ပိုမိုကြီးမားနေကြောင်း၊ ယင်းအတွက်ကြောင့် မိမိတို့သည် ၎င်းတို့၏ နည်းပညာအား သုံးစွဲ၍ရသလောက် သုံးစွဲသွားမည်ဖြစ်ကြောင်း မဟာသီယာက ပြောကြားခဲ့သည်။
“ဘယ်နိုင်ငံမဆို မလေးရှားကို ကျူးကျော်ချင်တယ်ဆိုရင် သူတို့တွေ ဒီအတိုင်း ဝင်လာနိုင်တယ်။ ကျုပ်တို့တွေက ခုခံသွားမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဒါက အချိန်ဖြုန်းတာသက်သက်ပဲဖြစ်နေလို့” ဟု မဟာသီယာက ပြောကြားခဲ့သည်။ အာရှနိုင်ငံများသည် ယခုအခါ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ထုတ်ကုန်များအား ထုတ်လုပ်နေပြီဖြစ်ကြောင်းကို အမေရိကန်နှင့် အနောက်တိုင်းက လက်ခံသင့်ပြီး စီးပွားရေးပြိုင်ဘက်များအား မခြိမ်းခြောက်သင့်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ Ref; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
