Brexit လုပ်ငန်းစဉ်တွင် ရှင်းလင်းသော ရပ်တည်ချက်မရှိသဖြင့် ဝေဖန်ခံနေရသည့် ဗြိတိန်၏ အဓိကအတိုက်အခံ လေဘာပါတီခေါင်းဆောင် ဂျရမီကော်ဘင်က နိုင်ငံရေး အကျပ်အတည်းမှ လွတ်မြောက်ရန်အတွက် တစ်ခုတည်းသော နည်းလမ်းမှာ ဗြိတိန်ပါလီမန်က အတည်ပြုခဲ့သည့် မည်သည့်သဘော တူညီချက်ကိုမဆို ဒုတိယမြောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရန် သို့မဟုတ် အထွေထွေရွေးကောက်ပွဲ ကျင်းပရန်သာဖြစ်ကြောင်း မေ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
လေဘာပါတီသည် Brexit လုပ်ငန်းစဉ်တွင် ခြံစည်းရိုးနှစ်ဖက်ခွထိုင်ထားမှုအတွက် ဝေဖန်ခံနေရပြီး လာမည့် အထွေထွေရွေးကောက်ပွဲ၌ ဥရောပသမဂ္ဂတွင် ဆက်နေမည် သို့မဟုတ် ထွက်ခွာမည်အနက် မည်သည့်လမ်းစဉ်ကို ထောက်ခံမည်နှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မရှိသေးပေ။
Brexit အား လေဘာပါတီ၏ ချဉ်းကပ်မှုနှင့်ပတ်သက်၍ ၎င်းင်းတို့သည် ပြီးခဲ့သော သီတင်းပတ်က ကျင်းပခဲ့သည့် ဥရောပပါလီမန်ရွေးကောက်ပွဲများ၌ အထိနာခဲ့ရသည်။ လေဘာပါတီသည် ထိုရွေးကောက်ပွဲတွင် ဥရောပပါလီမန်၌ ၎င်းတို့၏ အမတ်နေရာ ၂၀ အနက် ထက်ဝက်ကို ဆုံးရှုံးခဲ့ရပြီး Brexit အား ပြင်းပြင်းထန်ထန် ဆန့်ကျင်သည့် လစ်ဘရယ်ဒီမိုကရက်ပါတီနှင့် အသစ်ဖွဲ့စည်းခဲ့သော Brexit ပါတီတို့ပြီးနောက် တတိယနေရာတွင် ရပ်တည်ခဲ့သည်။
ဥရောပသမဂ္ဂနှင့် မည်သည့်သဘော တူညီချက်မှမရဘဲ ဗြိတိန်က ထွက်ခွာရနိုင်သည့် ဆိုးရွားသော ရလဒ်ကို ဟန့်တားရန်အတွက် လိုအပ်သည့် အရာမှန်သမျှကို လုပ်ဆောင်ရန် လေဘာပါတီသည် ပါတီကို ကျော်လွန်၍ မည်သူနှင့်မဆို လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကော်ဘင်က ဒဗ္ဗလင်တွင် အိုင်ယာလန်သမ္မတ၊ ဝန်ကြီးချုပ်တို့နှင့် ဆွေးနွေးမှုမတိုင်မီ ပြောကြားခဲ့သည်။
သို့သော် သဘောတူညီချက်မရဘဲ ထွက်ခွာရနိုင်သည့် အခြေအနေကို ကြုံနေရမှု၊ ဝန်ကြီးချုပ်ကလည်း ရာထူးမှထွက်ခွာရန် ကြေညာထားမှုတို့ ရှိနေစဉ် Brexit အကျပ်အတည်းမှ တစ်ခုတည်းသော ထွက်ပေါက်မှာ ပြည်သူများ၏ အဆုံးအဖြတ်ကို ပြန်လည်ခံယူရန်သာဖြစ်ကြောင်း၊ ပါလီမန်က အတည်ပြုခဲ့သည့် မည်သည့်သဘောတူညီချက်ကိုမဆို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် ဆုံးဖြတ်ခြင်း သို့မဟုတ် အထွေထွေ ရွေးကောက်ပွဲတစ်ခုကို ကျင်းပခြင်းတို့ကို လုပ်ဆောင်ခွင့်ပေးသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်နှင့် ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်မည့် ထရီဆာမေနေရာတွင် အစားဝင်ရန် ကြိုးပမ်းနေသော နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘောရစ်ဂျွန်ဆင်အပါအဝင် ပြိုင်ဘက်ကိုယ်စားလှယ်လောင်းအချို့က ဗြိတိန်သည် လိုအပ်ပါက ဥရောပသမဂ္ဂမှ မည်သည့်သဘောတူညီ ချက်မှမရဘဲ ထွက်ခွာနိုင်မှုအတွက် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း ပြောကြားခဲ့သည်။
မေသည် ဇွန် ၇ ရက်တွင် ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်မည်ဖြစ်ပြီး ဇူလိုင် ၂၀ ရက်မတိုင်မီ ဝန်ကြီးချုပ်သစ်ကို ရွေးချယ်မည်ဖြစ်သည်။ ဗြိတိန်သည် အောက်တိုဘာ ၃၁ ရက်တွင် ဥရောပသမဂ္ဂမှ ထွက်ခွာရန်စီစဉ်ထားသည်။
Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
