ဧပြီ ၉ ရက် ရွေးကောက်ပွဲအပြီး ညွန့်ပေါင်းအစိုးရဖွဲ့ရန် ညှိနှိုင်းမှုများသည် မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန်နေတန်ယာဟုက အာဏာဆက်လက်ချုပ်ကိုင်နိုင်ရန် ကြိုးပမ်းနေစဉ် အစ္စရေး ပါလီမန်သည် ရွေးကောက်ပွဲသစ်များကို စက်တင်ဘာ ၁၇ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မေ ၃၀ ရက် အစောပိုင်းတွင် မဲခွဲဆုံးဖြတ်၍ အတည်ပြုခဲ့သည်။
နေတန်ယာဟု၏ လီကွတ်ပါတီသည် ၎င်း၏ လက်ယာယိမ်းနှင့် ဘာသာရေးဆိုင်ရာ မဟာမိတ်ပါတီများနှင့် ပူးပေါင်း၍ အမတ်နေရာ ၁၂၀ ရှိ ပါလီမန်တွင် ၆၅ နေရာအထိ အများစုရရှိခဲ့သော်လည်း ညွန့်ပေါင်းအစိုးရဖွဲ့ရန် မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် ပါလီမန်က မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယင်းမဲခွဲမှုကြောင့် အစ္စရေးသမ္မတ ရုဗင်ရီဗလင်က အစိုးရဖွဲ့ရန်အတွက် နောက်ထပ်ပုဂ္ဂိုလ်တစ်ဦးအား ရွေးချယ်မှုကို နေတန်ယာဟုက ကြိုတင်ဟန့်တားနိုင်ခဲ့သော်လည်း အစ္စရေးတွင် နောက်ထပ်ကွဲပြားသော ရွေးကောက်ပွဲ မဲဆွယ်မှုများကို ကြုံရနိုင်ခြေရှိသည်။
အသက် ၆၉ နှစ်ရှိ နေတန်ယာဟုသည် အကျင့်ပျက်ခြစားမှု၊ လိမ်လည်မှုနှင့် ယုံကြည်မှုအား ချိုးဖောက်မှုတို့အတွက် စီရင်ချက်များကို ရင်ဆိုင်ရနိုင်ခြေရှိပြီး ၎င်းအား တရားစွဲဆိုမှုမှ ကင်းလွတ်ခွင့်ပေးရန် ဥပဒေကြမ်းတစ်ခုကို ပါလီမန်သစ်တွင် အတည်ပြုနိုင်ရန် ၎င်းက ကြိုးပမ်းနေသည်ဟု သတင်းထွက်ခဲ့သည်။ ထို့ပြင် ၎င်းသည် အစ္စရေးနိုင်ငံ ထူထောင်သူ ဒေးဗစ်ဘင်ဂူရီယန်ကို ကျော်ဖြတ်၍ လာမည့် ဇူလိုင်တွင် အစ္စရေး၏ သက်တမ်းအရှည်ဆုံးဝန်ကြီးချုပ်ဖြစ်လာမည် ဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဟောင်း အဗစ်ဒေါ့လစ်ဘာမန်းက အဓိကတောင်းဆိုချက် တစ်ရပ်အား စွန့်လွှတ်ခြင်းမရှိသောကြောင့် ညွန့်ပေါင်းဖွဲ့ရန် နေတန်ယာဟု၏ ကြိုးပမ်းမှုသည် အခက်အခဲနှင့်ကြုံခဲ့ရသည်။ အခြားအစ္စရေးဂျူးများကဲ့သို့ပင် ရှေးရိုးစွဲခရစ်ယာန် ဂျူးများကိုလည်း မဖြစ်မနေ စစ်မှုထမ်းရန် ရည်ရွယ်သည့် ဥပဒေကြမ်းအား ပြင်ဆင်ခြင်း မပြုဘဲ အတည်ပြုရန် လစ်ဘာမန်းက လိုလားနေခြင်းဖြစ်သည်။
ထိုအကြောင်းအရာသည် အစ္စရေးတွင် အလွန်အမင်း အကဲဆတ်ပြီး ပါလီမန်တွင် အမတ် ၁၆ နေရာရရှိထားသည့် နေတန်ယာဟု၏ မဟာမိတ်အဖွဲ့တွင် အဓိကပါဝင်သော ရှေးရိုးစွဲခရစ်ယာန်ပါတီများက ထိုဥပဒေကြမ်းအား ဆန့်ကျင်ခဲ့ကြသည်။
ညွန့်ပေါင်းဖွဲ့ရန် မအောင်မြင်ခြင်းအတွက် နေတန်ယာဟုနှင့် လီကွတ်ပါတီတို့က လစ်ဘာမန်းအား အပြစ်တင်နေချိန်တွင် အခြားသူများကမူ နေတန်ယာဟု ရင်ဆိုင်နေရသော ဥပဒေကြောင်းဆိုင်ရာကိစ္စများက အနှောင့်အယှက်ဖြစ်သည်ဟု ရှုမြင်ခဲ့ကြသည်။ စစ်ဘက်အကြီးအကဲဟောင်း အများအပြားပါဝင်သည့် ဗဟိုဝါဒီမဟာမိတ်အဖွဲ့တစ်ဖွဲ့ဖြစ်သော အဓိကအတိုက်အခံပါတီ Blue and White က နေတန်ယာဟုသည် ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရန်အတွက် ၎င်း၏ပါတီမှ တခြားသူတစ်ဦးအား ခွင့်ပြုပါကလီကွတ်ပါတီနှင့် ညီညွတ်ရေးသဘောတူညီချက်ရနိုင်ဖွယ်ရှိသည်ဟု ပြောကြားထားသည်။
အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များ ရင်ဆိုင်နေရသော နေတန်ယာဟု ဦးဆောင်သည့် အစိုးရအဖွဲ့တွင် ပူးပေါင်းမည်မဟုတ်ကြောင်း Blue and White ပါတီခေါင်းဆောင်များက ပြောကြားထားသည်။ ရာထူးမှ ထွက်ခွာရတော့မည့် နေတန်ယာဟု၏ အစိုးရဟောင်းသည် အစ္စရေးသမိုင်းတွင် လက်ယာစွန်းအဆန်ဆုံးအဖြစ် ရှုမြင်ခံခဲ့ရသည်။ ဧပြီရွေးကောက်ပွဲအပြီး ၎င်းက ဖွဲ့စည်းရန် ကြိုးပမ်းနေသော ညွန့်ပေါင်းအစိုးရသည်လည်း ယင်းကဲ့သို့ အလားတူအစိုးရ ဖြစ်လာဖွယ်ရှိကြောင်း ခန့်မှန်းထားကြသည်။ Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
