တရုတ်နှင့် နိုင်ငံအချို့အကြား ပိုင်ဆိုင်မှု အငြင်းပွားနေကြသော တောင်တရုတ်ပင်လယ်ပေါ်တွင် ပျံသန်းနေစဉ်အတွင်း သြစတြေးလျရေတပ်၏ ရဟတ်ယာဉ်မှူးများသည် လေဆာဖြင့် ပစ်မှတ်ထား နှောင့်ယှက်ခံခဲ့ရကြောင်း သြစတြေးလျစစ်တပ်က အတည်ပြုခဲ့ပြီး တရားဝင် မဟုတ်သည့် တရုတ်ပြည်သူ့ စစ်များ၏ ရေယာဉ်များက ထိုတိုက်ခိုက်မှု နောက်ကွယ်၌ ပါဝင်နေသည်ဟု ယုံကြည်ကြောင်း သြစတြေးလျက ထုတ်ပြန်ခဲ့သည်။
ထိုဒေသ တစ်ဝန်းတွင် သွားလာနေသော ယာဉ်များသည် ရေယာဉ်အချို့၏ လက်ကိုင်လေဆာများ အသုံးပြု၍ နှောင့်ယှက်ပေးမှုကို တိုးမြင့်ကြုံလာနေရကြောင်း သြစတြေးလျ ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ယခုဖြစ်စဉ်တွင်မူ သြစတြေးလျ ရေတပ်သင်္ဘော HMAS Canberra မှ ပျံတက်သွားသော ရဟတ်ယာဉ်များမှ ရဟတ်ယာဉ်မှူးများသည် လနှင့်ချီကြာမြင့်သည့် Indo-Pacific Endeavour 2019 လေ့ကျင့်မှု၌ ပါဝင်နေစဉ် လေဆာများဖြင့် ပစ်မှတ်ထား ခံခဲ့ရကြောင်း သြစတြေးလျ ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ လေဆာဖြင့် ပစ်မှတ်ထားခံခဲ့ရသော သြစတြေးလျ ရေတပ်မှ ရဟတ်ယာဉ်မှူးများအား ကြိုတင်ကာကွယ်သည့် အနေဖြင့် ဆေးဘက်ဝန်ထမ်းများက စစ်ဆေးခဲ့ရာ မည်သည့် ဒဏ်ရာမျှ မရခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။
ဗီယက်နမ်မှ စင်ကာပူသို့ ထွက်ခွာနေသော HMAS Canberra သင်္ဘောတွင် လိုက်ပါရန် ဖိတ်ကြားခံခဲ့ရသည့် ပညာရှင်များအနက် တစ်ဦးဖြစ်သော La Trobe Asia ၏ဒါရိုက်တာဖြစ်သူ Euan Graham က ၎င်းတို့၏ သင်္ဘောအား တရုတ်စစ်သင်္ဘော တစ်စင်းက နောက်ယောင်ခံလိုက်ခဲ့ပြီး ဖြတ်သန်းသွားသည့် ငါးဖမ်းရေယာဉ်များက ရဟတ်ယာဉ်မှူးများအား လေဆာများထိုး၍ နှောင့်ယှက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်သည် တောင်တရုတ်ပင်လယ်တွင် စောင့်ကြည့့်ခြင်း၊ ထောက်လှမ်းခြင်းနှင့် အခြားမစ်ရှင်များအတွက် ငါးဖမ်းဆွဲလှေများ အပါအဝင် တရားဝင် မဟုတ်သည့် ရေကြောင်း ပြည်သူ့စစ်များကို အသုံးပြုနေကြောင်း စွပ်စွဲခံထားရသည်။
တရုတ်က ထိုအဖွဲ့များနှင့် ပါဝင်ပတ်သက်မှု မရှိကြောင်း ငြင်းဆန်လျက် စစ်ရေးပဋိပက္ခ ဖြစ်နိုင်ခြေအန္တရာယ်ကို လျှော့ချထားစဉ် ပြိုင်ဘက်အင်အားကြီး နိုင်ငံများအား စိန်ခေါ်နိုင်ရန် Gray Zone ဟု ခေါ်သည့် စစ်ဆင်ရေးများကို အသုံးပြုခဲ့သည်။
ရေယာဉ်များက လေဆာများထိုး၍ နှောင့်ယှက်ခဲ့သည့် အကြောင်းရင်းကို မသိရသေးသော်လည်း ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ထိုရေပြင်တွင် ၎င်းတို့၏ တည်ရှိမှုကို အာရုံစိုက်စေရန် လုပ်ဆောင်မှုဟု ယူဆရကြောင်း သြစတြေးလျ စစ်တပ်က ထုတ်ပြန်ခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံ အချို့မှ အပြိုင်အဆိုင် ထုတ်ပြန်မှုများ ရှိနေသော်လည်း သယံဇာတရင်းမြစ် ကြွယ်ဝသော တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးအား ပိုင်ဆိုင်ကြောင်း တရုတ်က အခိုင်အမာ ထုတ်ပြန်ထားသည်။
သြစတြေးလျ ရေတပ်သည် တောင်တရုတ်ပင်လယ်တွင် အမေရိကန် အပါအဝင် အခြားနိုင်ငံများနှင့်အတူ ရေတပ်ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို ပြုလုပ်ခဲ့ပြီး တရုတ်က ဟန့်တားရန် ကြိုးပမ်းခဲ့သည်။
တရုတ်က ရေတပ်အခြေစိုက်စခန်း ဖွင့်ထားသည့် ဂျီဘူတီတွင် အမေရိကန် လေယာဉ်မှူးများအား တရုတ်နိုင်ငံသားများက စစ်တပ်သုံး လေဆာများဖြင့် ထိုးခဲ့ကြောင်း အမေရိကန်၏ စွပ်စွဲချက်ကို တရုတ်က ပြီးခဲ့သောနှစ်တွင် ပယ်ချခဲ့သည်။ ထိုလေဆာများဖြင့် ထိုးခံရမှုကြောင့် အမေရိကန်လေယာဉ်မှူး နှစ်ဦးသည် မျက်စိတွင် အသေးစား ထိခိုက်မှု ဖြစ်ပွားခဲ့ကြောင်း အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က ထုတ်ပြန်ခဲ့သည်။
Ref : AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
