ဆူဒန်စစ်တပ်သည် ဆန္ဒပြသူများနှင့် ရရှိထားသော အာဏာလွှဲပြောင်းရေး သဘောတူညီချက်ကို ဖျက်သိမ်းလိုက်ပြီး ကိုးလအတွင်း ရွေးကောက်ပွဲများကျင်းမည်ဟု ဇွန် ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ‘သွေးချောင်းစီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု’ဟု ခေါ်ဆိုနေကြသည့် ဆန္ဒပြသူ ၃၅ ဦးသေဆုံးခဲ့မှုဖြစ်ပွားပြီး နောက်တစ်ရက်တွင် ယခုထုတ်ပြန်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
မြို့တော်ခါတွန်ရှိ စစ်ဌာနချုပ်အပြင်ဘက်၌ သီတင်းပတ်ပေါင်းများစွာရှိနေခဲ့သော ထိုင်သပိတ်မှာ အင်အားသုံးဖြိုခွင်းခံခဲ့ပြီးနောက် အာဏာရစစ်ကောင်စီကို ဖြုတ်ချရန် ‘အလုံးစုံ လူထုအုံကြွမှုကြီး’၌ ပါဝင်လာကြရေးအတွက် ဆန္ဒပြခေါင်းဆောင်များက ဆော်သြနေကြသည်။ နိုင်ငံကို ကာလရှည်ကြာအုပ်ချုပ်ခဲ့သည့် သမ္မတအိုမာအယ်ဘာရှားအား ဆန့်ကျင်သော ဆန္ဒပြပွဲများ လပေါင်းများစွာဖြစ်ပွားခဲ့ပြီးနောက်တွင် ကူးပြောင်းရေးစစ်ကောင်စီသည် ဘာရှားကို ဧပြီလက ဖြုတ်ချခဲ့သည်။ ယင်းနောက် သုံးနှစ်အတွင်း အရပ်သားအစိုးရတစ်ရပ်ထံ အာဏာလွှဲပေးရန် သဘောတူခဲ့သည်။
သို့သော် ထိုအစီအစဉ်ကို ပယ်ဖျက်လိုက်ပြီဖြစ်ပြီး ရွေးကောက်ပွဲတစ်ရပ်ကို ဒေသတွင်းနှင့် နိုင်ငံတကာ၏ စောင့်ကြည့်မှုအောက်၌ ကျင်းပမည်ဟု စစ်တပ်အကြီးအကဲ ဗိုလ်မှူးကြီး အဗ္ဗဒူဖာတာ အယ်ဘာဟန်က ရုပ်သံမှ ကြေညာခဲ့သည်။ “လွတ်လပ်မှုနဲ့ အပြောင်းအလဲ မဟာမိတ်အုပ်စုနဲ့ စေ့စပ်ဆွေးနွေးနေတာတွေကို ရပ်ဖို့၊ ကျွန်တော်တို့ သဘောတူထားတာတွေကို ဖျက်သိမ်းဖို့၊ ကိုးလထက်မကျော်တဲ့ ကာလတစ်ခုအတွင်း အထွေထွေရွေးကောက်ပွဲတွေကို ခေါ်ယူဖို့ စစ်ကောင်စီက ဆုံးဖြတ်လိုက်ပါတယ်” ဟု ဘာဟန်က ပြောကြားခဲ့သည်။
ဒါဇင်နှင့်ချီသော ဆန္ဒပြသူများသေဆုံးခဲ့ပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိစေခဲ့သော ဇွန် ၃ ရက်က နှိမ်နင်းမှုသည် နိုင်ငံတကာမှ ပြစ်တင်ဝေဖန်မှုများစွာနှင့် ရင်ဆိုင်နေရသည်။ ထိုစဉ် ဆူဒန်နိုင်ငံ၌ အိဒ်စတင်ရန် တရားဝင်ရက်စွဲအား ဇွန် ၅ ရက်နေ့ဟု သတ်မှတ်ကြောင်း နိုင်ငံပိုင် SUNA သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
မြို့တော်ခါတွန်အနှံ့တွင် တင်းမာမှုများ ဆက်လက်မြင့်တက်နေစဉ် ဇွန် ၃ ရက် ဖြိုခွင်းမှုနောက်ကွယ်၌ ရှိသည်ဟု ယူဆရသော ပြည်သူ့စစ် Rapid Support Forces မှ တပ်ဖွဲ့ဝင်အများအပြားသည် လက်နက်အပြည့်အစုံကို ကိုင်ဆောင်လျက် တပ်ဖြန့်ထားခဲ့သည်။ ဇွန် ၄ ရက်က မြို့လယ်ခေါင်ရှိလမ်းများပေါ်၌ လူသူကင်းမဲ့လျက်ရှိပြီး စျေးဆိုင်များ၊ အရောင်းဆိုင်များပိတ်ကာလမ်းများပေါ်၌ ကားလုံးဝမရှိသလောက် ဖြစ်ခဲ့သည်။
မြို့တော်ခါတွန်၌ နေထိုင်သူအများအပြားက အင်တာနက်လိုင်းမရကြောင်း ညည်းညူပြောကြားလျက်ရှိသည်။ မြေပြင်အခြေအနေများကို လေကြောင်းလိုင်းများက စောင့်ကြည့်နေစဉ် ခါတွန်သို့ လေယာဉ်ခရီးစဉ် ပျံသန်းမှုများမှာလည်း ရပ်ဆိုင်းသွားကြောင်း သိရသည်။
ရက်စက်သော ဖြိုခွင်းမှု
ဆန္ဒပြသူများကို ရက်ရက်စက်စက်ဖြို ခွင်းခဲ့သည်ဟု အမေရိကန်က ခေါ်ဆိုခဲ့စဉ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်က အင်အားအလွန်အကျွံ သုံးစွဲမှုအတွက် ပြစ်တင်ခဲ့ပြီး အမှီအခိုကင်းသည့် စုံစမ်းမှုတစ်ခုပြုလုပ်ရန် တောင်းဆိုခဲ့သည်။ ဗြိတိန်နှင့်ဂျာမနီတို့၏ တောင်းဆိုမှုဖြင့် ဇွန် ၄ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၌ ဆူဒန်အရေးကို တံခါးပိတ်အစည်းအဝေးကျင်းပမည် ဖြစ်သည်။
Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
