သူဆင်းရဲအရေအတွက် များပြားလာသည့် ပါရီမြို့တွင် ကုန်စျေးနှုန်းများမြင့်တက်နေခြင်းသည် ဆင်းရဲချမ်းသာကွာဟမှုကို ပိုမိုမြင့်မားစေခဲ့ကြောင်း ဇွန် ၃ ရက်တွင် ထုတ်ပြန်သော လေ့လာတွေ့ရှိချက်တစ်ခု၌ ဖော်ပြထားသည်။ ပါရီမြို့ရှိ ဆင်ခြေဖုံးဒေသများနှင့် ပါရီဝန်းကျင်ရှိ မြို့ငယ်များတွင် ဆင်းရဲမွဲတေ မှုနှုန်းမြင့်မားနေခြင်းကြောင့် ပြင်သစ်၏ သမိုင်းဝင်အသည်းနှလုံးမြို့တော် ပါရီတွင် ကုန်စျေးနှုန်းများ မြင့်တက်လျက်ရှိ နေသည်ကို မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကိန်းဆိုင်ရာအဖွဲ့အစည်း (IAU) က တွေ့ရှိခဲ့ခြင်းဖြစ်သည်။
နိုင်ငံ့စီးပွားရေးလုပ်ငန်း၏ ၃၀ ရာခိုင်နှုန်းမှာ ပါရီအနီးရှိ Ile de France ဒေသတွင် လုပ်ကိုင်ကြခြင်းဖြစ်ကာ ရွှေ့ပြောင်းအခြေချ အများဆုံးနေထိုင်သည့် ထိုဒေသတွင် ဆင်းရဲမွဲတေမှုနှုန်းမှာလည်း မြင့်မားလျက်ရှိသည်။ ၂၀၁၅ ခုနှစ်တွင် လူဦးရေ စုစုပေါင်း၏ ၁၅.၉ ရာခိုင်းနှုန်းသည် ဆင်းရဲမွဲတေနေကြပြီး ထိုပမာဏသည် ၂၀၁၅ မတိုင်မီကိုးနှစ်တာ ကာလအတွင်း ရှိခဲ့သည့် ဆင်းရဲမွဲတေသူအရေအတွက် ၁၂.၃ ရာခိုင်နှုန်းထက်ပိုများ လာခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိချက်တွင် ဖော်ပြထားသည်။
ပြင်သစ်ရှိ ဂရစ်ဂျ်နီဒေသ၊ ကလီချီ ဆူဘွာဒေသ၊ အူဘာဗီလီဗီယာဒေသ ကဲ့သို့သော နယ်မြေအများအပြားတွင် အလုပ်လက်မဲ့အရေအတွက်နှင့်နိုင်ငံခြားသား အရေအတွက်မှာ တိုးပွားလာပြီး ၂၀၀၁ ခုနှစ် နှင့် ၂၀၁၅ ခုနှစ်ကြားကာလများတွင် ပါရီမြို့ရှိ နယ်မြေဒေသ ၄၄ ခု၌ ပျမ်းမျှဝင်ငွေမှာလည်း နိမ့်ဆင်းသွားခဲ့ကြောင်း သိရသည်။
Ref; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
