အီစတာအသေခံဗုံးခွဲမှုများအတွက် ထိပ်တန်းမွတ်စလင်နိုင်ငံရေးသမားသုံးဦး နုတ်ထွက်ပေးရန် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများက တောင်းဆိုခဲ့ပြီး သီရိလင်္ကာ၏ ဘာသာရေးအထွတ်အမြတ်မြို့ ကန္ဒီတွင်ဆန္ဒပြသူ ထောင်ပေါင်းများစွာက မွတ်စလင်နိုင်ငံရေးသမားများကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
ယင်းဆန္ဒပြမှုများကြောင့် ကိုလံဘိုမြို့၏ အရှေ့ဘက် မိုင် ၇၀ အကွာတွင်ရှိသော ကန္ဒီမြို့တွင် ဆိုင်များနှင့် ရုံးခန်းများ ပိတ်ထားခဲ့ရသည်။ မွတ်စလင်ခေါင်းဆောင်နှစ်ဦးက အုပ်ချုပ်ရေးမှူး ရာထူးများမှ နုတ်ထွက်ကြောင်း သမ္မတ မေသရီပါလာသီရိသေနာ၏ ရုံးက ပြောကြားခဲ့သည်။ သမ္မတက ခန့်အပ်ထားသော ဒေသဆိုင်ရာ မွတ်စလင်အုပ်ချုပ်ရေးမှူး နှစ်ဦးသည် ရာထူးမှနုတ်ထွက်ကြောင်း၊ ၎င်းတို့၏ နုတ်ထွက်မှုကို သမ္မတက လက်ခံခဲ့ကြောင်း သမ္မတရုံးက ပြောကြားခဲ့သော်လည်း အသေးစိတ်ကို မပြောကြားခဲ့ပေ။
မွတ်စလင်အုပ်ချုပ်ရေးမှူးနှစ်ဦး ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် နုတ်ထွက်သွားခဲ့ပြီးနောက် ဗုဒ္ဓ၏ စွယ်တော်ကိုထားရှိသည့် ကန္ဒီ၏ နာမည်ကျော် စွယ်တော်ကျောင်းတွင် သြဇာကြီးမားသည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီး အာထူရလီယေရတနာက အသေခံ ဥပုသ်စောင့်မှုကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။ ထိုဘုန်းတော်ကြီးအား ဆေးဝါးကုသပေးရန်အတွက် လူနာတင်ယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့ရသည်။
ဘုန်းတော်ကြီးရတနာသည် ပါလီမန် အမတ်တစ်ဦးလည်းဖြစ်ပြီး ထိုမွတ်စလင် အုပ်ချုပ်ရေးမှူးနှစ်ဦးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ရီရှတ်ဘာထီအူဒင်တို့ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ဘာထီအူဒင်ကို အတင်းအကျပ် နုတ်ထွက်ခိုင်းပါက အစိုးရအဖွဲ့အတွင်းမှ မွတ်စလင်ဝန်ကြီးအားလုံး နုတ်ထွက်ဖွယ်ရှိကြောင်း နိုင်ငံရေးသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ ဧပြီ ၂၁ ရက်က ဘုရားကျောင်းသုံးခုနှင့် ဟိုတယ်သုံးခုတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး လူ ၂၅၈ ဦး သေဆုံးမှုအတွက် အစ္စလာမ္မစ်အစွန်းရောက်တို့ကို ထောက်ခံသည့် မွတ်စလင်ခေါင်းဆောင်သုံးဦးတွင် တာဝန်ရှိကြောင်း ဗုဒ္ဓဘာသာဘုန်းကြီးများက စွပ်စွဲထားသည်။
ဧပြီ ၂၁ ရက် အသေခံဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် သီရိလင်္ကာနိုင်ငံတွင် မွတ်စလင်ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ သီရိလင်္ကာမြောက်ပိုင်းတွင် မွတ်စလင် ဆန့်ကျင်ရေးဆန္ဒပြမှုများကြောင့် အိမ်များ၊ ဆိုင်ခန်းများနှင့် ဗလီများ အမြောက်အမြား ပျက်စီးခဲ့ပြီး မွတ်စလင်အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ ဗုံးခွဲတိုက်ခိုက်မှုများပြီးနောက် သီရိလင်္ကာ ဂျီဟတ်အဖွဲ့ National Thowheeth Jama’s ah (NTJ) နှင့် ဆက်နွှယ်နေသော လူ ၁၀၀ နီးပါးကို အစိုးရက ဖမ်းဆီးထားသည်။ အကြမ်းဖက်တိုက်ခိုက်မှုများပြီးနောက် အရေးပေါ်အခြေအနေအောက်တွင် နေထိုင်နေရသော သီရိလင်္ကာနိုင်ငံသည် သံသယရှိသူများအား ကာလကြာထိန်းသိမ်းထားရန် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အာဏာအပ်နှင်းထားသည်။
သီရိလင်္ကာ၏ လူဦးရေ ၂၁ သန်းတွင် မွတ်စလင်က ၁၀ ရာခိုင်နှုန်းနီးပါးရှိသည်။ ယမန်နှစ် မတ်လကလည်း ကန္ဒီမြို့တွင် မွတ်စလင်ဆန့်ကျင်ရေးအဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီး လူသုံးဦးသေဆုံးကာ ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
