မြို့တော်ခါတွန်ရှိ စစ်ဌာနချုပ်အပြင်ဘက်မှ ထိုင်သပိတ်တစ်ခုအား ဆူဒန်စစ်ဘက် အုပ်ချုပ်သူများ၏ ဖြိုခွင်းရန်ကြိုးပမ်းမှုအတွင်း သေဆုံးသည့် ဆန္ဒပြသူ ၁၀ ဦးကျော်ရှိပြီဟု ဆရာဝန်ကော်မတီတစ်ခုက ဇွန် ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
လက်နက်များ အပြည့်အစုံကိုင်ထားသည့် လုံခြုံရေးတပ်ဖွဲ့များသည် စက်သေနတ်များတပ်ဆင်ထားသည့် ပစ်ကပ်ထရပ်ကားတို့ဖြင့် မြို့တော်အနှံ့၌ တပ်ဖြန့်နေကြစဉ် ဆန္ဒပြသူများမှာ ယာယီအကာအရံများ ချထားပြီး လမ်းများကို ပိတ်ဆို့ထားခဲ့ကြသည်။
သက်တမ်းရင့်သမ္မတ အိုမာအယ်ဘာရှား ဖြုတ်ချခံရမှု၏ နောက်ကွယ်၌ရှိခဲ့သော စစ်ဗိုလ်ချုပ်ကြီးများက အရပ်သားအုပ်ချုပ်ရေးထံ အာဏာလွှဲပြောင်းပေးရန် တောင်းဆိုနေကြသည့် ဆန္ဒပြသူများအား ဖြိုခွင်းနေခြင်းကို ရပ်တန့်ရေးအတွက် အမေရိကန်နှင့် ဗြိတိန်တို့က ဆော်သြနေကြသည်။
စစ်ကောင်စီ၏ ကျည်ဆန်များကြောင့် သေဆုံးသူ ၁၀ ဦးကျော်ရှိပြီဟု ဆန္ဒပြသူများနှင့် နီးစပ်မှုရှိသည့် ဆူဒန်ဆရာဝန်များ ဗဟိုကော်မတီက Facebook တွင် ရေးသားခဲ့ပြီး ထိုဖြစ်စဉ်ကို အစုလိုက်အပြုံလိုက် လူသတ်မှုဟု ခေါ်ဆိုခဲ့သည်။ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသူ အများအပြားရှိခဲ့သည်ဟုလည်း ထိုကော်မတီက ဆိုသည်။
မြို့တော်ထဲရှိ လမ်းများပေါ်တွင် လုံခြုံရေးအမြောက်အမြားချထားသည်ဟု သတင်းပို့ခဲ့သည့် အေအက်ဖ်ပီဂျာနယ်လစ်တစ်ဦးက ဆန္ဒပြနေရာမှ သေနတ်သံများ ကြားခဲ့ရသည်ဟု ပြောကြားခဲ့သည်။ စစ်ဌာနချုပ်အပြင်ဘက်တွင် သီတင်းပတ်ပေါင်းများစွာ ရှိနေသော ထိုင်သပိတ်အား ဖြိုခွင်းရန် စစ်တပ်က အင်အားသုံးခဲ့သည်ဆိုသည့် အခြားသတင်းများစွာလည်း ထွက်ပေါ်လာခဲ့သည်။
“ပြည်သူ့လက်နက်ကိုင်အင်အားစုရဲ့ ဌာနချုပ်အပြင်ဘက်က ထိုင်သပိတ်ကို စစ်ကောင်စီက အင်အားသုံးဖြိုခွင်းဖို့ ကြိုးပမ်းနေပါတယ်” ဟု ဆူဒန်ပညာရှင်များအစည်းအရုံး (SPA) က ထုတ်ပြန်ခဲ့သည်။ SPA သည် ဒီဇင်ဘာလက စတင်ဖြစ်ပွားခဲ့သော နိုင်ငံအနှံ့ ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သူများဖြစ်သည်။ သွေးချောင်းစီးလူသတ်ပွဲ ဖြစ်နေပြီဖြစ်ပြီး စစ်ကောင်စီကိုဖြုတ်ချရန် အလုံးစုံ ပြည်သူ့အုံကြွမှုတွင် ဆူဒန်များ ပါဝင်လာကြရန်လည်း SPA က ဆော်သြနေသည်။
မြို့တော်ခါတွန်ထဲရှိ ဗြိတိန်သံအမတ် အာဖန်ဆစ်ဒစ်က ၎င်း၏ နေအိမ်မှနေ၍ သေနတ်သံကြီးများကို ကြားနေရသည်ဟု ပြောခဲ့သည်။ “ဆူဒန်လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြထိုင်သပိတ်ကို တိုက်ခိုက်တဲ့အတွက် သေဆုံးဒဏ်ရာရမှုတွေဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် အရမ်းစိုးရိမ်နေပါတယ်။ ဒီလိုတိုက်ခိုက်မှုမျိုးအတွက် အကြောင်းပြချက်ပေးလို့ မရပါဘူး။ အခုချက်ချင်းကိုရပ်တန့်မှ ရပါမယ်” ဟု သံအမတ်က Twitter တွင် ရေးသားခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့များက ဆန္ဒပြသူများနှင့် ဆူဒန်ပြည်သူများအား တိုက်ခိုက်နေသည်မှာ မှားယွင်းပြီး ချက်ချင်းရပ်တန့်ကြရန် ခါတွန်ရှိ အမေရိကန်သံရုံးကလည်း ထုတ်ပြန်ခဲ့သည်။
စီစဉ်ထားသော အာဏာကူးပြောင်းရေး ကော်မတီကို အရပ်ဘက်နှင့်စစ်ဘက် မည်သူဦးဆောင်မည်နှင့်ပတ်သက်၍ သဘောတူညီမှုမရရှိခြင်းကြောင့် ဆန္ဒပြခေါင်းဆောင်များနှင့် အာဏာရစစ်ကောင်စီကြားမှ စေ့စပ်ဆွေးနွေးမှုများမှာ ပျက်သုဉ်းခဲ့ခြင်းဖြစ်သည်။
Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
