နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ နေအိမ် ၇၉ လုံးအား စည်ပင်ပိုင်မြေတွင် ကျူးကျော်သည်ဟုဆိုကာ သက်ဆိုင်ရာက ဖယ်ရှားမှုများ ဆောင်ရွက်နေကြောင်း သိရသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ သုခဒီ၊ ရတနာဒီပ၊ မင်္ဂလာဒီပ၊ ဆင်ဖြူရပ်ကွက်၊ ညောင်ပင်ကြီးစုရပ်ကွက်၊ ညောင်ပင်စုကြီးကွက်သစ်တို့ရှိ နေအိမ်အချို့သည် စည်ပင်ပိုင်မြေတွင် ကျူးကျော်ဆောက်ထားခြင်းများရှိသဖြင့် ဖယ်ရှားပေးရန်အတွက် သက်ဆိုင်ရာမှ အကြောင်းကြားစာ ပေးပို့ထားသော်လည်း ဖယ်ရှားခြင်းမရှိသောကြောင့် နိုဝင်ဘာ ၂၀ ရက်မှစတင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စည်ပင်မှ ဖယ်ရှားနေခြင်းဖြစ်ကြောင်းလည်း စုံစမ်းမှုများအရ သိရသည်။
" နိုင်ငံတော်ပိုင်မြေဆိုလည်း အစကတည်းက ဟိုဒင်းဖြစ်တယ်ဆိုရင် ဒီလောက်နှစ်တွေကြာလာပြီလေ၊ စဆောက်တုန်းက လာတားရင် ကျွန်မတို့လည်း ဆက်မဆောက်တော့ဘူးပေါ့။ အခုက နှစ်တွေက ကြာသွားပြီလေ။ အခုဖျက်နေတဲ့ နေရာရဲ့ အရှေ့ဘက်ကတော့ ရွာမြေပေါ့။အနောက်ဘက်မှာလည်း စလစ်ဝိုင်းတွေ ရှိတယ်" ဟု ညောင်ပင်ကြီးစုရွာမှ နေအိမ်ဖယ်ရှားခံရသူတစ်ဦးက ပြောကြားသည်။
နေပြည်တော်စည်ပင်မှ ဖယ်ရှားနေသည့် နေအိမ်များသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ မြေကွက်ဖော်ဆောင်၍ ချထားပေးသည့် မြေကွက်များနှင့် ကျေးရွာမြေအကြားရှိ နေရာများဖြစ်ကြောင်းကိုလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
" ဒီဝိုင်းနေရာတွေက နဂိုက ယာမြေပေါ့။ စည်ပင်က ဒီနေရာမှာ မြေသိမ်းတော့ အစားပေးတဲ့ ဝိုင်းတွေယူတယ်၊ မြေယာလျော်ကြေးမယူဘူးပေါ့။ မြေပိုမြေလျှံလေး ပြန်ပေးေစချင်တာပေါ့ လေ ။ အဲ့လို ပြန်တောင်းထားတော့၊ ပေးမယ်ပေါ့ လေ ။ ဒါပေမယ့် တရားဝင်က အထောက်အထား စာမရလိုက်တော့ အခုလို ဖြစ်သွားတာပေါ့" ဟု ညောင်ပင်ကြီးစုရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။
လက်ရှိဖယ်ရှားနေသော နေအိမ်များသည် စည်ပင်ပိုင်မြေတွင် ကျူးကျော်ထားသဖြင့် ဖယ်ရှားပေးရန်အတွက် စည်ပင်မှ အကြောင်းကြားစာများ ပေးပို့ထားသောကြောင့် အသနားခံစာ အကြိမ်ကြိမ်တင်ပြထား မှုများရှိခဲ့ကြောင်းလည်း ဒေသခံတစ်ဦးက ပြောကြားသည်။
" ဒုက္ခတွေရောက် အကြပ်အတည်း ဖြစ်နေတဲ့ ကာလလေ။ အခုလို ဖျက်ခိုင်းတော့ ကိုယ်တိုင်းကိုယ် ကိုယ့်ပစ္စည်းလေးတွေ ကောင်းကောင်းမွန်မွန် ပြန်ရအောင် ဖျက်ယူနေရတာပေါ့။ သောကြာနေ့ အပြီးရွှေ့ခိုင်းထားတယ်။ မြေနေရာလေးတို့၊ ငွေကြေးလေးတို့ ပေးရင်လည်း တစ်မျိုးပေါ့။ ချက်ချင်းကြီး ဆိုတော့ အတော်မလွယ်ပါဘူး တခြားဝယ်ပြုနေဖို့ဆိုတာကလေ" ဟု နေအိမ်ဖယ်ရှားခံရသူတစ်ဦးက ပြောကြားသည်။
အထက်ပါကိစ္စနှင့်ပတ်သက်၍ ပိုင်ဆိုင်မှုနှင့် မြေယာ အခြေအနေ အပေါ်အသေးစိတ် သိရှိနိုင်ရန်နှင့် သက်ဆိုင်ရာဘက်မှ တုံ့ပြန်ပြောကြားလာမှုကို သိရှိနိုင်ရန် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ရှိချိန်ထိ ဖုန်းလက်ခံဖြေကြားထားခြင်းမရှိသေးဘဲ တစ်စုံတစ်ရာ ထုတ်ပြန်ပြောကြားမှုများရှိလာပါက ဆက်လက်ဖော်ပြပေးမည်ဖြစ်ပါသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
