လာမည့်လေးရက်အတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် မုန်တိုင်းငယ် ဖြစ်လာနိုင်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းသည်။
နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၌ နိုဝင်ဘာ ၂၃ ရက်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကာ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ နောက် နှစ်ရက်အတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။
ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းငယ်မှာ မြန်မာနိုင်ငံအပေါ် သက်ရောက်မှုမရှိနိုင်သော်လည်း ဒေသအချို့တွင် မိုးရွာသွန်းမှုများရှိနိုင်သည်ဟု မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ပြောကြားသည်။
မြန်မာနိုင်ငံဘက်ကိုဦးတည်ရွေ့လျားလာမည် မဟုတ်သော်လည်း နိုဝင်ဘာ ၂၈၊ ၂၉၊ ၃၀ ရက်များမှ ဒီဇင်ဘာလဆန်း ၁ ရက် ၂ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်နယ်တိုင်းဒေသအချို့မှာ မိုးအနည်းငယ်၊ မိုးအသင့်အတင့်နဲ့ နေရာကွက်ပြီး မိုးများနိုင်မဲ့အခြေအနေတွေဖြစ်ပေါ်နိုင်ကြောင်း၊ အသေးစိတ်ကြိုတင်ခန့်မှန်းချက်များအရ ဧရာဝတီတိုင်းမြောက်ပိုင်းနှင့် ဧရာဝတီတိုင်းအနောက်ဘက်ခြမ်းက ကမ်းရိုးတန်းဒေသများ၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် နေပြည်တော်အပါအဝင် ပြည်နယ်တိုင်းဒေသအချို့တွင် မိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာနိုင်ကာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်ဒေသအချို့တွင် နေရာကွက်၍ မိုးများနိုင်ကြောင်း မိုးလေဝသအချက်အလက်များကို အခြေခံကာ ဦးဝင်းနိုင်က အသိပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
