အိန္ဒိယအရှေ့မြောက်ပိုင်းရှိ စာသင်ကျောင်းတစ်ကျောင်းသည် စွန့်ပစ် ပလတ်စတစ်ပစ္စည်းပြဿနာကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ပလတ်စတစ်အမှိုက်များကို ကျောင်းသို့ လာရောက်အပ်နှံခြင်းဖြင့် အခမဲ့ ပညာသင်ယူနိုင်သော ဆန်းသစ်သည့် နည်းလမ်းတစ်ခုကို ကျင့်သုံးနေသည်။
အာသံပြည်နယ် ဒီသပူရ်မြို့ပြင်ရှိ Akshar Forum စာသင်ကျောင်းတွင် ကျောင်းသူ၊ ကျောင်းသား ၁၁၀ ခန့်သည် ၎င်းတို့၏ နေအိမ်များနှင့် ရပ်ကွက်များထဲမှ ပလတ်စတစ်စွန့်ပစ်ပစ္စည်း ၂၀ အထိကို အပတ်စဉ်တိုင်း ကျောင်းသို့ ယူဆောင်လာကြရသည်။ ကျောင်းတွင် ပြီးခဲ့သည့်နှစ်ကအထိ အခမဲ့ပညာသင်ကြားရေးစနစ်ကို ကျင့်သုံးခဲ့သော်လည်း ပလတ်စတစ်ပစ္စည်းများအား ပြန်လည်အသုံးပြုရေးအစီအစဉ်တစ်ခုတွင် ပါဝင်ကြရန် ကျောင်းသားမိဘများအား တိုက်တွန်းနှိုးဆော်ခဲ့ပြီးနောက် ‘ပလတ်စတစ် အခကြေးငွေ’ ဟူသောစနစ်တစ်ရပ်ကို စတင်မိတ်ဆက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုအစီအစဉ်ကို ဦးဆောင်ဦးရွက်ပြုခဲ့သူ မက်ဇင်မူခ်ထာက ပြောကြားခဲ့သည်။
“အာသံပြည်နယ်တစ်ဝန်းမှာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေ ပေါများနေပါတယ်။ ကိုယ့်ကလေးကို ကျောင်းမှာ အခမဲ့ပညာသင်ယူစေချင်ရင် ပလတ်စတစ်ပစ္စည်းတွေကို ကျောင်းလခအဖြစ် ယူဆောင်လာကြဖို့ ကလေးမိဘတွေကို ကျွန်မတို့ပြောထားပါတယ်။ ဒါ့အပြင် ပလတ်စတစ်ပစ္စည်းတွေကို မီးမရှို့ကြဖို့ ကလေးမိဘတွေအနေနဲ့ ကတိကဝတ်ပြုထားရပါတယ်” ဟု မူခ်ထာ၏ ဇနီးဖြစ်သူ ပါမီတာဆာမာက ဆိုသည်။
ထို့သို့ဆောင်ရွက်နေခြင်းကြောင့် Askhar Forum စာသင်ကျောင်းတွင် တက်ရောက်နေကြသည့် ကလေးငယ်များသည် ၎င်းတို့နေထိုင်ရာရပ်ကွက်များထဲ၌ တစ်အိမ်ဝင် တစ်အိမ်ထွက်ဖြင့် ပလတ်စတစ် ပစ္စည်းများ လိုက်လံတောင်းခံနေကြကြောင်း သိရသည်။
“အရင်က ပလတ်စတစ်အမှိုက်တွေဆို ကျွန်မတို့က မီးရှို့ပစ်ကြတာ။ မီးရှို့လို့ ထွက်လာတဲ့အငွေ့က ကျွန်မတို့ရဲ့ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ကို အန္တရာယ် ဖြစ်စေတယ်ဆိုတာ မသိခဲ့ဘူး။ စာသင်ကျောင်းက ကောင်းမွန်တဲ့ခြေလှမ်းတစ်လှမ်းကို အစပျိုးပေးလိုက်တာပါပဲ” ဟု ကျောင်းသားမိဘတစ်ဦးက ပြောကြားခဲ့သည်။
လူဦးရေတစ်သန်းအောက်ရှိသည့် ဒီသပူရ်မြို့တစ်မြို့တည်းတွင်ပင် နေ့စဉ်စွန့်ပစ်အမှိုက်တန်ချိန် ၃၇ တန်ရှိနေပြီး ထိုပမာဏသည် နှစ်ပေါင်း ၁၄ နှစ်အတွင်း ခုနစ်ဆမြင့်တက်လာခြင်းဖြစ်သည်ဟု အစိုးရ မဟုတ်သည့် ဒေသတွင်းအဖွဲ့အစည်း Environ က ဆိုသည်။
ကျောင်းသားများသည် ကျောင်းတွင် စုဆောင်းရရှိထားသော ပလတ်စတစ်အိတ်များကို ပလတ်စတစ်ပုလင်းထဲသို့ ထည့်သွင်းခြင်းဖြင့် ဂေဟစနစ်ကိုထိန်းသိမ်းသည့် အုတ်ခဲများရရှိရန် လုပ်ဆောင်နေကြပြီး ထိုပစ္စည်းများကို စာသင်ကျောင်းသစ်များ၊ အိမ်သာများနှင့်ကျောင်းစင်္ကြံလမ်းများ တည်ဆောက်ရာတွင် အသုံးပြုနိုင်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
