စစ်အာဏာသိမ်းပြီး ဝန်ကြီးချုပ်အဖြစ် ငါးနှစ်ထမ်းဆောင်ခဲ့သည့် ပရာယွတ်ချန်အိုချာကို ဝန်ကြီးချုပ်အဖြစ် ဆက်လက်ထားရှိမည်ဟု ခန့်မှန်းထားသည့် မဲပေးရွေးချယ်မှုအတွက် ထိုင်းပါလီမန်က ဇွန် ၅ ရက်တွင် အစည်းအဝေး စတင်ကျင်းပခဲ့သည်။
စစ်တပ်ကျောထောက်နောက်ခံပြု Palang Pracharath ပါတီက အဆိုပြုခဲ့သည့် ပရာယွတ်သည် စစ်အစိုးရဆန့်ကျင်သည့် ပါတီများ၏ ညွန့်ပေါင်းအဖွဲဲ့ကို ကိုယ်စားပြုသည့် Future Forward ပါတီ၏ ခေါင်းဆောင် ထာနာသွန်းဂျူအန်ဂရွန်းဂရူအန်ကစ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
မဲပေးရွေးချယ်မှုကို ဇွန် ၅ ရက်တွင် ပြုလုပ်မည်ဟု မျှော်မှန်းထားသော်လည်း နှစ်ဘက်စလုံးက ၎င်းတို့၏ ကိုယ်စားလှယ်လောင်းများ၏ အရည်အချင်းနှင့် ယှဉ်ပြိုင်ဘက်များ၏ အားနည်းချက်များကို ထုတ်ဖော်ပြောကြားခဲ့သည့် အကန့်အသတ်မဲ့ စကားစစ်ထိုးမှုကြောင့် အချိန်သတ်မှတ်ထားမှုသည် မရေမရာ ဖြစ်လာခဲ့သည်။
Palang Pracharath ၏ ပါလီမန်အမတ်တစ်ဦးဖြစ်သည့် Koranis Ngamsukonrattana က ပရာယွတ်၏ စရိုက်လက္ခဏာနှင့် စိတ်ကူးစိတ်သန်းကို အမွှမ်းတင်ခဲ့သည်။
“သူက စိတ်ရှည်တယ်။ နိုင်ငံအတွက် သူ့ကိုယ်သူ အရမ်းကို စွန့်လွှတ်အနစ်နာခံခဲ့တယ်။ သူက မျှော်လင့်ချက်အားလုံး ဆုံးရှုံးနေတဲ့အချိန်မှာ နိုင်ငံကို ကယ်တင်ခဲ့တယ်” ဟု ပြောကြားခဲ့သည်။
ထာနာသွန်းကို ထောက်ခံသူများကမူ ပရာယွတ်သည် ဒီမိုကရေစီနိုင်ငံကို ဖျက်ဆီးခဲ့သူအဖြစ် ဝေဖန်တိုက်ခိုက်ခဲ့ကြသည်။
စစ်တပ် ငါးနှစ်ကြာအုပ်ချုပ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံသားများအတွက် ယင်းအစည်းအဝေးသည် ပါလီမန်စစ်ထိုးမှုကို မြင်တွေ့ရမည့် အသစ်အဆန်းတစ်ခုဖြစ်သည်။
အစိုးရအဖွဲ့ ဖွဲ့စည်းမှုတွင် ထိုင်းနိုင်ငံကို အရပ်သားအုပ်ချုပ်မှုအောက် ပြန်လည်ရောက်ရှိစေမည်ဖြစ်သည်။ ယင်းအစိုးရဖွဲ့ စည်းမှုသည် အာဏာသိမ်းခေါင်းဆောင် ပရာယွတ်ဦးဆောင်မှုနှင့် ယင်းအစိုးရက ခန့်အပ်ထားသူများက ရေးဆွဲခဲ့သည့် နိုင်ငံရေးစနစ်သစ်တစ်ခုအရ လုပ်ဆောင်ရမည် ဖြစ်သည်။ ယင်းစနစ်သည် ထိုင်းနိုင်ငံသားများ၏ စိတ်ဆန္ဒကို ထင်ဟပ်ခြင်းထက် စစ်တပ်နှင့် ၎င်း၏ မဟာမိတ်များ၏အုပ်ချုပ်မှုကို ရှည်ကြာစေရန် ရည်ရွယ်ကြောင်း ဝေဖန်သူများက ပြောကြားခဲ့သည်။
ပရာယွတ်ကို ဝန်ကြီးချုပ်အဖြစ် အဆိုတင်သွင်းခဲ့သည့် စစ်တပ်ကျောထောက်နောက်ခံပြု ပါတီသည် မတ်လက ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် အောက်လွှတ်တော်၌ အမတ်နေရာ ဒုတိယ အများဆုံး အနိုင်ရရှိခဲ့သည်။ သို့သော် ဝန်ကြီးချုပ်ကို အောက်လွှတ်တော် အမတ် ၅၀၀ နှင့် အာဏာသိမ်းအစိုးရက ခန့်အပ်ထားသည့် စစ်ဘက်ဆိုင်ရာအဖွဲ့ဝင်များ ပါဝင်သည့် အမတ်နေရာ ၂၅၀ ပါဝင်သည့် အထက်လွှတ်တော်က ပူးတွဲရွေးချယ်သောကြောင့် ပရာယွတ်သည် ရာထူးဆက်လက် ရရှိရန် သေချာသလောက်နီးပါးရှိသည်။
စစ်တပ်ကျောထောက်နောက်ခံပြု Palang Pracharath ပါတီသည် အောက်လွှတ်တော်တွင် အမတ်နေရာ ၁၁၆ နေရာ ရရှိထားသည့်အပြင် ပါတီငယ်များ၏ ဥပဒေပြုအမတ်များထံမှလည်း ကတိပြုမှု ရရှိထားသည်။
ပရာယွတ်သည် အမတ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိပေ။ စစ်အစိုးရ ထုတ်ပြန်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်သည့် ပါလီမန်အမတ်ဖြစ်ရန် မလိုအပ်ပေ။ ပရာယွတ်အစိုးရလက်ထက်တွင် အတည်ပြုခဲ့သည့်ဥပဒေများသည် ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီများကို အဟန့်အတားဖြစ်စေခဲ့ပြီး ရွေးကောက်ပွဲတွင် တရားမျှတမှုနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
