သြစတြေးလျအမျိုးသားတက္ကသိုလ် (ANU) ၏ ကွန်ပျူတာစနစ်များအား ၂၀၁၈ ခုနှစ်နှောင်းပိုင်းတွင် တရားမဝင်ခိုးဝင်ခံရ ပြီးနောက် ၁၉ နှစ်စာ အချက်အလက်များ ခိုးယူခံရသည်ကို လွန်ခဲ့သည့်သီတင်းပတ် နှစ်ပတ်ကမှ စစ်ဆေးသိရှိခဲ့ကြောင်း ယင်းတက္ကသိုလ်က ဇွန် ၄ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ကျောင်းသားများ၏ အချက်အလက်များ၊ ဝန်ထမ်းများ၏ အချက်အလက်များ ပါဝင်သည့် အသေးစိတ်မှတ်တမ်းများအား ခိုးယူခံခဲ့ရခြင်းဖြစ်ပြီး လူ ၂၀၀၀၀၀ ခန့်၏ အချက်အလက်များ ပါသွားခဲ့ကြောင်း ANU ၏ ဒုတိယအဓိပတိ ဘရိုင်ယန်ရှမစ်က ပြောကြားခဲ့သည်။
တက္ကသိုလ်မှတ်တမ်းတွင် ထိန်းသိမ်းထားသော အမည်၊ နေရပ်လိပ်စာ၊ မွေးသက္ကရာဇ်၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ၊ အရေးပေါ်အဆက်အသွယ်အချက်အလက် အသေးစိတ်၊ အခွန်မှတ်ပုံတင်နံပါတ်များ၊ လစာဆိုင်ရာ သတင်းအချက်အလက်များ၊ ဘဏ်စာရင်းအသေးစိတ်များ၊ နိုင်ငံကူးလက်မှတ်မှတ်တမ်းများနှင့် ကျောင်းသားများ၏ ထူးချွန်မှုမှတ်တမ်းများ ခိုးဝင်ကြည့်ရှုခံခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့သည်။ ခရက်ဒစ်ကတ် အချက်အလက်များ၊ ခရီးသွားမှတ်တမ်းများ၊ ကျန်းမာရေးမှတ်တမ်းများ၊ ရဲမှုခင်းဆိုင်ရာ စစ်ဆေးမှုများ၊ အလုပ်သမားများ၏ လျော်ကြေးဆိုင်ရာ သတင်းအချက်အလက်များ၊ ယာဉ်မှတ်ပုံတင်နံပါတ်များ၊ အခြားစွမ်းဆောင်ရည်မှတ်တမ်းများကို ခိုးဝင်နိုင်ခဲ့ခြင်း မရှိကြောင်းရှမစ်က ပြောကြားခဲ့သည်။
ယင်းခိုးဝင်မှုကို လွန်ခဲ့သည့် သီတင်းပတ်နှစ်ပတ်တွင် ANU က သိရှိခဲ့ပြီးနောက် နောက်တစ်ကြိမ် ဆိုက်ဘာတိုက်ခိုက်မှုများအား ကာကွယ်ရန် ဆောင်ရွက်ပြီးမှသာ အများပြည်သူသို့ ထုတ်ပြောခြင်းဖြစ်ကြောင်း ပါမောက္ခရှမစ်က ပြောကြားခဲ့သည်။ ယင်းဆိုက်ဘာတိုက်ခိုက်မှုသည် အဆင့်မြင့်သူတစ်ဦး၏ လက်ချက်ဖြစ်နိုင်ဖွယ်ရှိကြောင်း၊ ကွန်ရက်များ လုံခြုံရေးအတွက် ANU နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ယင်းချိုး ဖောက်မှုကိုလည်း အပြည့်အဝစုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သြစတြေးလျ ထောက်လှမ်းရေးအဖွဲ့ (ASD )က ပြောကြားခဲ့သည်။
ယခုနှစ်တိုက်ခိုက်မှုနှင့် အခြားဆိုက်ဘာလုံခြုံရေးကျိုးပေါက်မှုများကြားမှ ဆက်နွှယ်ချက်ကို ကောက်ချက်ချရန် စောလွန်းသေးကြောင်း ASD က ပြောကြားခဲ့သည်။သို့သော်လည်း ANU ကို တိုက်ခိုက်မှုသည် တရုတ်၏ လက်ချက်ဖြစ်နိုင်ကြောင်း သြစတြေးလျမဟာဗျူဟာ လေ့လာရေးဌာနမှ အကြီးတန်းလေ့လာသုံးသပ်သူ တွန်အူရန်က ပြောကြားခဲ့သည်။
ANU သည် ယမန်နှစ်ကလည်း အလားတူ ဆိုက်ဘာတိုက်ခိုက်မှုကို ကြုံခဲ့ရသည်။ ထိုစဉ်ကလည်း တရုတ်အခြေစိုက်ဟက်ကာများ၏ တိုက်ခိုက်မှုဖြစ်နိုင်ကြောင်း သြစတြေးလျမီဒီယာအချို့က ဖော်ပြခဲ့ကြသည်။ သို့သော်လည်း မည်သည့်ဆိုက်ဘာတိုက်ခိုက်မှုတွင်မှ ပါဝင်ခြင်းမရှိကြောင်း တရုတ်က အခိုင်အမာ ငြင်းဆိုထားသည်။
ANU ၏ သုတေသနများနှင့် ကျောင်းသားများ၊ ဝန်ထမ်းများ၏ သတင်းအချက်အလက်များသည် ဟက်ကာတိုက်ခိုက်မှုကို ဆွဲဆောင်နေကြောင်း ANU ၏ မဟာဗျူဟာနှင့် ကာကွယ်ရေးလေ့လာမှုစင်တာမှ ထောက်လှမ်းရေးလေ့လာမှုဆိုင်ရာ ပါမောက္ခ ဂျွန်ဘလက်လင်းက ပြောကြားခဲ့သည်။ ထိုကဲ့သို့ ကျယ်ပြန့်သည့် ဟက်ကာတိုက်ခိုက်မှုများကို ဆောင်ရွက်နိုင်သော နိုင်ငံအများအပြားရှိပြီး နိုင်ငံမဟုတ်သည့် အခြားသူများကလည်း ဆောင်ရွက်နိုင်ကြောင်း ဒေါက်တာ ဘလက်လင်းက ပြောကြားခဲ့သည်။
Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
