တရုတ်က ၎င်း၏ကျောင်းသားများသည် အန္တရာယ်များကြုံရနိုင်ကြောင်း သတိပေးခဲ့ပြီးနောက် အမေရိကန်က တရားဝင်သော ပညာသင်ကြားမှုများအတွက် တရုတ်နိုင်ငံသားများအား ကြိုဆိုကြောင်း အခိုင်အမာ ပြန်လည်တုံ့ပြန်ခဲ့သည်။ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်တက်နေစဉ် အမေရိကန်၌ တရုတ်ကျောင်းသားများသည် ဗီဇာပယ်ချခံရမှုနှင့် နှောင့်နှေးမှုများ အနည်းငယ် မြင့်တက်လာနေကြောင်း တရုတ်ပညာရေးဝန်ကြီးဌာနက ထောက်ပြခဲ့သည်။
အမေရိကန်တက္ကသိုလ်များကို လျှောက်ထားသည့် တရုတ်ကျောင်းသားများသည် ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားကြရန်နှင့် အန္တရာယ်ကြုံတွေ့ရနိုင်မှုအတွက် ကြံ့ကြံ့ခံနိုင်ရန်လည်း ထိုဌာနက တိုက်တွန်းခဲ့သည်။ အမေရိကန်သို့ တရုတ်ကျောင်းသား ဝင်ရောက်မှု ကျဆင်းခြင်းသည် အမေရိကန်အတွက် ဆုံးရှုံးမှုကြီးမားနိုင်သည်။ ပြီးခဲ့သောနှစ်တွင် အမေရိကန်တက္ကသိုလ်များသို့ တရုတ်ကျောင်းသား ၃၆၀၀၀၀ တက်ရောက်ခဲ့မှုနှင့်အတူ တရုတ်သည် လတ်တလောအထိ အမေရိကန်၌ တက်ရောက်နေသည့် ပြည်ပကျောင်းသားများအနက် အများဆုံးဖြစ်နေပြီး တရုတ်ကျောင်းသား အများအပြားသည် ကုန်ကျစရိတ် မြင့်မားသောကျောင်းများကို တက်ရောက်နေကြသည်။
၂၀၁၇ ခုနှစ်တွင် တရုတ်ကျောင်းသားများသည် အမေရိကန်စီးပွားရေးသို့ ဒေါ်လာ ၁၄ ဘီလျံ စီးဝင်စေခဲ့ကြောင်း၊ အိန္ဒိယကျောင်းသား ၂၀၀၀၀၀ အောက်သည် အမေရိကန်၌ ပညာသင်ကြားသူ ဒုတိယအများဆုံးဖြစ်ကြောင်း ကုန်သွယ်ရေးအဖွဲ့တစ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ပြည်ပထောက်လှမ်းရေးများက ကျောင်းသားများအား အမေရိကန်တွင်ရှိစဉ်အတွင်း ရွေးချယ်၍ ထောက်လှမ်းစေသည့်ဖြစ်စဉ်အချို့ မြင့်တက်လာမှုကို ဖော်ထုတ်နိုင်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဌာနက စေ့စေ့စပ်စပ် စစ်ဆေးမှုကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် တရားဝင်လာရောက်သူများအတွက် အမြင့်ဆုံးအရည်အသွေး ဝန်ဆောင်မှုပေးအပ်နေကြောင်း၊ ယင်းမှသာ ၎င်းတို့၏ ဗီဇာလျှောက်ထားမှုများနှင့် ပတ်သက်၍ အလျင်အမြန်၊ စေ့စေ့စပ်စပ်နှင့် ရှင်းလင်းသော ဆုံးဖြတ်ချက်များရရှိနိုင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။ တရားဝင်ပညာရပ်ဆိုင်ရာ လုပ်ဆောင်မှုများအတွက် တရုတ်ကျောင်းသားများနှင့် ပညာရှင်များကို မိမိတို့က ကြိုဆိုကြောင်း၊ ထိုလျှောက်ထားသူအများစုသည် ငါးနှစ်သက်တမ်းပြည့် ဗီဇာများရရှိကြကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပြီးခဲ့သော ဇန်နဝါရီမှ မတ်အထိ တရုတ်ကျောင်းသား ၁၃၅၀ ကျော်သည် အမေရိကန်၌ ကျောင်းသားဗီဇာများ လျှောက်ထားခဲ့ကြောင်း၊ သို့သော် ဗီဇာပြဿနာများကြောင့် ၎င်းတို့အနက် ၁၈၂ ဦးသည် စီစဉ်ထားသည့်အတိုင်း အမေရိကန်သို့ မသွားနိုင်ခဲ့ကြောင်း တရုတ်ပညာရေးဝန်ကြီးဌာနမှ ပြည်ပပညာရှင်ဖလှယ်ရေးကို ကြီးကြပ်ဌာနမှ ဒုတိယခေါင်းဆောင် ရှုယုံကျီက အစိုးရရုပ်သံ CCTV သို့ ပြောကြားခဲ့သည်။
တရုတ်အစိုးရက အမေရိကန်သို့ သွားရောက်မည့် နိုင်ငံသားများသည် ရဲများ၏ အနှောင့်အယှက်ပေးမှုနှင့် ရာဇဝတ်မှုများ ကြုံရနိုင်မှုနှင့်ပတ်သက်၍ ဇွန် ၄ ရက်တွင် ခရီးသွားလာမှုဆိုင်ရာ သတိပေးချက်နှစ်ခုကို ထုတ်ပြန်ခဲ့သည်။
Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
