ဆိုးရွားသော နောက်ဆက်တွဲအကျိုးဆက်များရှိလာမည်ဟု အမေရိကန်က ခြိမ်းခြောက်နေသော်လည်း တူရကီသည် S - 400 ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဝယ်ရန်ရုရှားနှင့် ရရှိထားသည့် သဘောတူညီချက်မှ နောက်ပြန်ဆုတ်မည်မဟုတ်ဟု သမ္မတ ရီဆပ်တေရစ်အာဒိုဂန်က ဇွန် ၄ ရက်တွင် ပြောကြားခဲ့သည်။ S - 400 ကို တူရကီက ဝယ်လိုနေခြင်းသည် နေတိုးမဟာမိတ်များ ဖြစ်ကြသော တူရကီနှင့်အမေရိကန်ကြားမှ မကျေလည်မှု၏ အဓိကရင်းမြစ်တစ်ခု ဖြစ်သည်။ အမေရိကန်သည် ရုရှားဒုံးကျည်ကာကွယ်ရေးစနစ်အား မဝယ်ရန် လပေါင်းများစွာ သတိပေးနေခဲ့ပြီးနောက် လက်ရှိတွင်ပိတ်ဆို့အရေးယူမည်ဟု ခြိမ်းခြောက်နေသည်။
“ကျွန်တော်တို့ (ရုရှားနဲ့ ) သဘောတူ ညီချက်ရပြီးသွားပါပြီ။ ဆုံးဖြတ်ပြီးသွားပါပြီ”ဟု အာဒိုဂန်က ပြောကြားသည်ကို အစိုးရ သတင်းအေဂျင်စီ Anadolu ၌ဖော်ပြခဲ့သည်။ “ဒီကနေ နောက်ပြန်ဆုတ်တာမျိုးရှိမှာ မဟုတ်ပါဘူး” ဟု အာဒိုဂန်က အစ္စတန်ဘူလ်ရှိ ဗလီတစ်ခုတွင် ဝတ်ပြုပြီးနောက် ဂျာနယ်လစ်များအား ပြောကြားခဲ့သည်။
ရုရှားလေကြောင်း ကာကွယ်ရေးစနစ် ကိုဝယ်ယူရန် တူရကီဘက်က ရှေ့ဆက်မည်ဆိုပါက နောက်ဆက်တွဲအကျိုးဆက်အနေနှင့် တူရကီ၏ F – 35 တိုက်လေယာဉ်ပူးတွဲပရိုဂရမ်၊ နေတိုးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ပျက်စီးစေလိမ့်မည်ဟု ပင်တဂွန်ထိပ်တန်း အရာရှိတစ်ဦးက ပြီးခဲ့သည့်သီတင်းပတ်တွင် ပြောခဲ့သည်။
စီစဉ်ထားသည့် ဝယ်ယူမှုသည် အနောက်နိုင်ငံမဟာမိတ်များနှင့် တူရကီ၏ ပူးတွဲလုပ်ဆောင်မှုကို ထိခိုက်စေနိုင်သည့်အပြင် အမေရိကန်အစိုးရအနေနှင့်လည်း ရုရှားလက်နက်သဘောတူညီချက်များနှင့် ပတ်သက်သည့် ပိတ်ဆို့အရေးယူမှုများဖြင့် တူရကီအပေါ် ချမှတ်ရမည့်အရေးဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး၏ နိုင်ငံတကာလုံခြုံရေးရာလက်ထောက် ကတ်သရင်းဝီးလ်ဘာဂါက ပြောကြားခဲ့သည်။ ထိုဝယ်ယူမှုအတွက်တူရကီကို အမေရိကန်အစိုးရအနေနှင့် အပြစ်မပေးလိုလျင်ပင် တူရကီအစိုးရအပေါ် စာနာနေမည်မဟုတ်သည့် ကွန်ဂရက်က ယင်းကဲ့သို့လုပ်ရန် ဖိအားပေးလာလိမ့်မည်ဟုလည်း ၎င်းက ပြောကြားခဲ့သေးသည်။
S - 400 အစား US Patriots
တူရကီအနေနှင့် ရုရှားအစား အမေရိကန်၏ Patriot ဒုံးကျည်များအား ရွေးချယ်ရန် မျှော်လင့်ပြီး ယင်းသို့ ရွေးပါက F – 35 ပရို ဂရမ်အား ရှေ့ဆက်နိုင်လိမ့်မည်ဟု အမေရိကန်အစိုးရအရာရှိများက ပြောခဲ့ကြသည်။ ထိုစဉ် အာဒိုဂန်က Patriot ဒုံးကျည်များအား ပို့ဆောင်ပေးရေးအခြေအနေသည် ရုရှားကဲ့သို့ အပြုသဘောဆောင်ပါက ယင်းတို့ကို ဝယ်ယူရန်စဉ်းစားမည်ဟု ဇွန် ၄ ရက်တွင် ပြောကြားခဲ့သည်။ “ဒါပေမဲ့ကံမကောင်းစွာနဲ့ ရုရှားဆီက S – 400 တွေလို Patriots တွေနဲ့ပတ်သက်ပြီး အမေရိကန်ဘက်က အပြုသဘောဆောင်တဲ့ ကမ်းလှမ်းချက်မရသေးပါဘူး” ဟု အာဒိုဂန်က ဆိုသည်။
အာဒိုဂန်သည် မေ ၂၉ ရက်က သမ္မတ ဒေါ်နယ်ထရန့်နှင့် ဖုန်းပြောပြီး ဒုံးကျည်စနစ်နှင့် ပတ်သက်ပြီး ပူးတွဲဆောင်ရွက်ရေး အဖွဲ့ဖွဲ့ရန် တူရကီဘက်မှ ယခင်ကမ်းလှမ်းချက်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု တူရကီသမ္မတရုံးက ထုတ်ပြန်ခဲ့သည်။ ခေါင်းဆောင်နှစ်ဦးသည် ဇွန်လကုန်တွင် ဂျပန်တွင်ကျင်းပမည့် G – 20 ထိပ်သီးတွင်လည်း တွေ့ဆုံရန်ရှိနေသည်။
Ref; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
