စပိန်တင်းနစ်အကျော်အမော် ရာဖေးလ်နဒါးလ်က ကစားသမားဘဝကို အရှုံးဖြင့်အဆုံးသတ်ခဲ့ရသော်လည်း ကလေးဘဝအိပ်မက်ထက် ပိုမိုအောင်မြင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
စပိန်နိုင်ငံ၊ မာလာဂါမြို့၌ ကျင်းပသည့် Davis Cup အမျိုးသားအသင်းလိုက်တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင် စပိန်လက်ရွေးစင်အသင်းသည် နယ်သာလန်အသင်းကို (၁-၂)ပွဲဖြင့် အရေးနိမ့်ပြီးနောက် သူ၏ကစားသမားဘဝကို အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။
နဒါးလ်သည် တစ်ဦးချင်းအဖွင့်ပွဲစဉ်တွင် ပြိုင်ဘက်ကစားသမားကို ၄-၆၊ ၄-၆ဖြင့် အရေးနိမ့်ခဲ့ပြီးနောက် Davis Cup ပြိုင်ပွဲ တစ်ဦးချင်းပွဲစဉ်များတွင် နှစ်(၂၀)ကျော်ကြာ (၂၉)ပွဲဆက် ရှုံးပွဲမရှိသည့်မှတ်တမ်းလည်း ကျိုးပျက်ခဲ့ရသည်။
အယ်လ်ကာရက်ဇ်က တစ်ဦးချင်းပွဲစဉ်တွင် ပြန်လည်အနိုင်ယူခဲ့သော်လည်း နှစ်ယောက်တွဲပွဲစဉ်၌ အရေးနိမ့်ခဲ့သောကြောင့် စပိန်အသင်း ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းဖြစ်သည်။
''ကလေးဘဝမှာ ရည်မှန်းထားတာထက် ပိုမိုအောင်မြင်ခဲ့တဲ့ ကစားသမားဘဝကို ကျွန်တော် အမှတ်ရနေမှာပါ။ ဒီလိုအခွင့်အရေးမျိုးနဲ့ ဘဝကို ပိုင်ဆိုင်ခဲ့တာဟာ ကျွန်တော် အရမ်းကံကောင်းပါတယ်။ တင်းနစ်ကပဲ မမေ့နိုင်တဲ့ အတွေ့အကြုံတွေနဲ့ ကျွန်တော့်ဘဝကို ရှင်သန်စေခဲ့ပါတယ်။ ကလေးတစ်ယောက်အနေနဲ့ အိပ်မက်တွေနောက်ကို လိုက်ခဲ့ပြီး တတ်နိုင်သလောက် အစွမ်းကုန်ကြိုးစားခဲ့လို့ ဒီနေရာကို ရောက်ခဲ့တာ ဖြစ်ပါတယ်''ဟု နဒါးလ်က ပြောကြားခဲ့သည်။
နဒါးလ်(၃၈)နှစ်သည် ကစားသမားသက်တမ်းတစ်လျှောက် ဂရင်းစလင်းချန်ပီယံဆုဖလား (၂၂)ကြိမ် ရရှိထားပြီး အမျိုးသားတင်းနစ်လောကတွင် ဂျိုကိုဗစ်(၂၄ ကြိမ်)ပြီးနောက် အအောင်မြင်ဆုံးလည်း ဖြစ်ခဲ့သည်။
ဆွစ်ဇာလန်ဂန္ထဝင်တင်းနစ်သမား ဖက်ဒါရာက နဒါးလ်သည် မော်ကွန်းတင်ရသည့် သူ၏ကစားသမားဘဝတွင် တင်းနစ်ကမ္ဘာတစ်ခုလုံး ဂုဏ်ယူရသည့် ကစားသမားဖြစ်သည်ဟု ချီးကျူးခဲ့သည်။
ဖက်ဒါရာသည် နဒါးလ်နှင့် ပြိုင်ပွဲစုံ ပွဲ (၄၀)အထိ ရင်ဆိုင်ကစားခဲ့ရပြီး (၁၆)ပွဲအနိုင်ရကာ (၂၄)ပွဲ အရေးနိမ့်ခဲ့သည်။
ဖက်ဒါရာက သူ၏ Instagram တွင် ကစားသမားဘဝ နဒါးလ်နှင့် ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ရမှုများ၊ အပြန်အလှန်အနိုင်ယူမှုများအကြောင်း၊ နဒါးလ်၏ စံချိန်တင် ပြင်သစ်အိုးပင်းချန်ပီယံဆု (၁၄)ကြိမ်အပါအဝင် အောင်မြင်မှုများအကြောင်း အစရှိသဖြင့် စုံလင်စွာ ရေးသားချီးကျူးခဲ့ခြင်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
