ဖေဖော်ဝါရီ ၂၇ ရက်က ဆီးရီးယား အနောက်မြောက်ပိုင်း အိုင်ဒလစ်ပြည်နယ်တွင် ဆီးရီးယားအစိုးရတပ်ဖွဲ့၏လက်ချက်ဟု အပြစ်တင်ထားသော လေကြောင်းတိုက်ခိုက်မှု တစ်ခုဖြစ်ပွားခဲ့ရာ တူရကီစစ်သား ၃၃ ဦးထက်မနည်း သေဆုံးခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရခဲ့သော စစ်သားဒါဇင်ပေါင်းများစွာကို ဆေးကုသမှုပေးရန် တူရကီသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ဟာတေပြည်နယ်အုပ်ချုပ်ရေးမှူး ရာမီဒိုဂန်က ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ဆီးရီးယားတပ်ဖွဲ့က လေကြောင်း တိုက်ခိုက်မှုပြုလုပ်ရာတွင် တူရကီစစ်သားများသည် အကြမ်းဖက် အဖွဲ့များအတွင်း ရောနှောပါဝင်နေကြကြောင်း၊ လေကြောင်း တိုက်ခိုက်မှုပြုလုပ်ရာနေရာ၌ ၎င်းတို့ရှိနေ သည်ဆိုသည်ကို တူရကီတပ်ဖွဲ့က အသိပေး ခဲ့ခြင်းမရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ တူရကီဘက်က ချက်ချင်း ငြင်းဆိုခဲ့သည်။
သူပုန်အဖွဲ့ကို ကျောထောက်နောက်ခံ ပေးထားသော တူရကီနှင့် ဆီးရီးယားအစိုးရ ကို ကျောထောက်နောက်ခံပေးထားသော ရုရှားတို့အကြား တင်းမာမှုများကြီးထွားနေခဲ့ ပြီးနောက် အနောက်မြောက်ပိုင်းအိုင်ဒလစ်ဒေသတွင် ကြီးကြီးမားမားပျက်စီးဆုံးရှုံးမှု များရှိလာခဲ့သည်။
အရေးပေါ်စီစဉ်ဆောင်ရွက်မှုမရှိပါက အရှိန်မြင့်လာသော လေကြောင်းတိုက်ခိုက်မှု အန္တရာယ်သည် နာရီပိုင်းအတွင်း ပိုမိုကြီးမားလာလိမ့်ဖြစ်ကြောင်း ကုလသမဂ္ဂပြောခွင့် ရပုဂ္ဂိုလ် စတီဖာနီဒူဂျာရစ်က ဆိုသည်။
အမေရိကန်အနေဖြင့် နေတိုးအဖွဲ့ဝင် တူရကီကို ထောက်ခံကြောင်း၊ ဆီးရီးယား အစိုးရအဖွဲ့၊ ရုရှားနှင့်အီရန်ကျောထောက် နောက်ခံပြုထားသော တပ်ဖွဲ့များ၏ အညှာအတာမဲ့သောထိုးစစ်ဆင်မှုကို ချက်ချင်းရပ် တန့်ပစ်ရန် တောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး နောက် ဆီးရီးယားပဋိပက္ခနှင့်ပတ်သက်၍ အရေးပေါ်ဆွေးနွေးပွဲကို နေတိုးမဟာမိတ်အဖွဲ့က ဖေဖော်ဝါရီ ၂၈ ရက်တွင်ကျင်းပမည် ဖြစ်သည်။ နေတိုးအဖွဲ့က အကောင်အထည် ဖော်ဆောင်ရွက်ပေးထားသည့် ဆီးရီးယား အရေးဆိုင်ရာ ၀ါရှင်တန် သဘောတူစာချုပ် ၏ အပိုဒ် ၄ အရ ညှိနှိုင်း ဆွေးနွေးပွဲကျင်းပရန် တူရကီ၏ တောင်းဆိုချက်အတိုင်း နေတိုး မဟာမိတ်အဖွဲ့ဝင် ၂၉ နိုင်ငံစလုံးသံအမတ် များပါဝင်သော မြောက်အတ္တလန္တိတ် ကောင်စီဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း နေတိုးအဖွဲ့ကထုတ် ပြန်ခဲ့သည်။
ဆီးရီးယားအစိုးရတပ်ဖွဲ့အနေဖြင့် အိုင်ဒလစ်ဒေသတွင်ရှိသော တူရကီ၏ စောင့်ကြည့်ရေးနေရာများမှ ဆုတ်ခွာရန် တူရကီအစိုးရက တောင်းဆိုထားစဉ် ရုရှား က တူရကီသည် ဆီးရီးယားရှိ အကြမ်းဖက် သမားများကို ထောက်ပံ့ပေးနေသည်ဟု စွပ်စွဲထားသည်။ အိုင်ဒလစ်ဒေသ တည်ငြိမ် အေးချမ်းစေရန် ရည်ရွယ်၍ ရုရှားနှင့်တူရကီ အကြားချုပ်ဆိုထားသော ၂၀၁၈ သဘောတူ စာချုပ်အရ အိုင်ဒလစ်တွင် တူရကီတပ်ဖွဲ့ ၏စောင့်ကြည့်ရေးနေရာ ၁၂ နေရာရှိသော်လည်း ထိုနေရာများတွင် ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆက်၏ တပ်ဖွဲ့များက တိုက်ခိုက်မှုများလုပ်ဆောင်နေသည်။
ရုရှားစစ်သင်္ဘောနှစ်စင်း ဘော့စ်ဖရပ် ရေလက်ကြားကို ဖြတ်သန်း
လေကြောင်းတိုက်ခိုက်မှုအတွင်း တူရ ကီစစ်သား ၃၃ ဦးသေဆုံးခဲ့သည့်ဖြစ်ရပ် ကြောင့် ရုရှားနှင့်တူရကီအကြားတင်းမာမှု မြင့်တက်နေစဉ် မြေထဲပင်လယ်သို့ ဦးတည် ခုတ်မောင်းနေသည့် ရုရှားစစ်သင်္ဘောနှစ်စင်း သည် ဖေဖော်ဝါရီ ၂၈ ရက်တွင် အစ္စတန်ဘူ ရှိ ဘော့စ်ဖရပ်ရေလက်ကြားကို ဖြတ်သန်းခဲ့ ကြောင်း ရုရှားစစ်တပ်က ထုတ်ပြန်ခဲ့သည်။
ပဲ့ထိန်းဒုံးများတပ်ဆင်ထားသည့် ရုရှား စစ်သင်္ဘော Admiral Makarov နှင့် Admiral Grigorovich သည် ခရိုင်းမီးယား ကျွန်းဆွယ်ရှိ စီဗာစတော်ပူးလ်ဆိပ်ကမ်းမှ ထွက်ခွာလာခဲ့ပြီး ဘော့စ်ဖရပ် ရေလက်ကြား နှင့် ဒါဒနယ်လက်စ်ရေလက်ကြားကို ဖြတ်သန်းခဲ့ခြင်းခြင်းဖြစ်သည်။
ရေလက်ကြားကို ဖြတ်သန်းခြင်းသည် ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်သည်ဟု ရုရှား စစ်တပ်၏ပြောခွင့်ရပုဂ္ဂိုလ်က အခိုင်အမာ ပြောကြားထားသော်လည်း စစ်သင်္ဘောများ တွင် လက်နက်ကြီးများတပ်ဆင်ထားသည့် အချက်နှင့် ရေလက်ကြားကို ဖြတ်သန်းမှုတို့ သည် နှစ်နိုင်ငံတင်းမာနေချိန်အတွင်း အချိန်ကိုက် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။
ဖေဖော်ဝါရီ ၂၇ ရက်လေကြောင်းတိုက်ခိုက်မှုအတွင်းသေဆုံးခဲ့သည့် တူရကီစစ်သားများအပါအဝင် ယခုလအတွင်း အိုင်ဒလစ်ပြည်နယ်၌ တူရကီလုံခြုံရေးတပ်ဖွဲ့ဝင် ၅၃ ဦးအထိ သေဆုံးခဲ့ပြီဖြစ်သည်။
အိုင်ဒလစ်ဒေသတွင် ဆီးရီးယားအစိုး ရတပ်ဖွဲ့နှင့်ရုရှားတပ်ဖွဲ့၏ ဗုံးကြဲတိုက်ခိုက်မှု အတွင်း ကလေးငယ်သုံးဦးအပါအဝင်အရပ် သားခုနစ်ဦး သေဆုံးခဲ့ပြီး ဒီဇင်ဘာလမှစ၍ ထိုကဲ့သို့တိုက်ခိုက်မှုများအတွင်း လူ ၄၀၀ ကျော်သေဆုံးခဲ့ကြောင်း ဆီးရီးယား လူ့ အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ထုတ် ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
