မြောက်ဥက္ကလာပမြို့နယ်တွင် ဆယ်ကျော်သက်အရွယ် ကျောင်းသူသုံးဦး မေ ၂၅ ရက်တွင် ကျူရှင်သွားတက်ရာမှ ပျောက်ဆုံးနေကြောင်း ၎င်းတို့၏ မိသားစုဝင်များထံမှ သိရသည်။မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာ(၁၄)လမ်းတွင် နေထိုင်ကြသည့် မလဲ့သဇင်ခိုင်(၁၃)နှစ်နှင့် မဆုမြတ်နိုး(၁၃) နှစ်တို့နှစ်ဦးအား သုနန္ဒာ(၁၂)လမ်းတွင် နေထိုင်သည့် မချယ်ရီမေ (ခ) ခိုင်ဇင်ထွေး (၁၄)နှစ်က သုနန္ဒာ(၁၂)လမ်းတွင် ကျူရှင်တက်ရန် မေ ၂၅ ရက် နံနက် ၁၁ နာရီခန့်က လာခေါ်ခဲ့ကြောင်း သိရသည်။ထို့နောက် မွန်းတည့် ၁၂ နာရီခန့်တွင် ကျူရှင်ဆရာမက ၎င်းတို့သုံးဦးမှာ ကျူရှင်သို့ ရောက်မလာကြောင်း ယင်းတို့သုံးဦး၏ နေအိမ်သို့ လာရောက် အကြောင်းကြားခဲ့ကြောင်း သိရသည်။“ကျွန်မတူမနှစ်ယောက် ကျူရှင်လာ မတက်တာကို မွန်းလွဲ ၁ နာရီလောက်မှာ ကျူ ရှင်ဆရာ မလာပြောလို့ သိရတာပါ။ အဲဒီလို သိရတော့ ကျွန်မတို့ အအေးဆိုင်တွေ၊ သူတို့ သွားလာတက်တဲ့ နေရာတွေနဲ့ အဝေးပြေး ဂိတ်ထိတောင် လိုက်ရှာဖြစ်ပါတယ်။ ညဘက်လောက်ထိ ရှာမတွေ့လို့ မြောက်ဥက္ကလာရဲစခန်းမှာ လူပျောက်တိုင်တန်းချက် သွားဖွင့်ခဲ့ပါတယ်” ဟု လဲ့သဇင်ခိုင်နှင့် ဆုမြတ်နိုး၏ အဒေါ် ဒေါ်စန်းစန်းတင်ထွဋ်က မေ ၂၆ ရက် တွင် ပြောကြားခဲ့သည်။ပျောက်ဆုံးနေသည့် ကျောင်းသူသုံးဦမှာ ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် သတ္တမတန်းအား အ.ထ.က(၁) မြောက်ဥက္ကလာပမြို့နယ်၌ အောင်မြင်ခဲ့ပြီး ယခုနှစ်တွင် အဌမတန်း တက်ရောက်မည့်သူဖြစ်ကြောင်း သိရသည်။“ပျောက်ဆုံးသွားတဲ့ ကျောင်းသူလေးတွေ သွားတက်တဲ့နေရာတွေ၊ အအေးဆိုင်တွေကို သူတို့သုံးဦးရဲ့ဓာတ်ပုံတွေပြပြီး လိုက်လံစုံစမ်း ရှာဖွေနေပါတယ်။ အခုချိန်ထိတော့ ရှာဖွေတွေ့ရှိဖို့ ဆောင်ရွက်နေပါတယ်” ဟု မြောက်ဥက္ကလာပမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
