ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းနှင့် သာကေတမြို့နယ် NLD ပါတီဝင်အချို့ ဓားဖြင့် တိုက်ခိုက်ခံရသည့် အမှုမှ စွပ်စွဲခံရသူများ ဖြစ်သည့် ဇော်လတ် အပါအဝင် သုံးဦးအား ဇွန် ၁ ရက်တွင် သာကေတမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့သည်။ယင်းနေ့ ရုံးချိန်းတွင် ဇော်လတ် အပါအဝင် သုံးဦးအား ပြစ်မှုပုဒ်မ ၃၂၆/၃၂၃/၂၉၄ တို့ဖြင့် တရားစွဲဆိုထားသော အမှုအတွက် သက်သေခံပစ္စည်း သိမ်းဆည်းရာတွင် ပါဝင်သည့် အမျိုးသားတစ်ဦးအား စစ်ဆေးခဲ့ကြောင်း သိရသည်။“ဒီနေ့က သက်သေခံပစ္စည်း သိမ်းဆည်းရာမှာ ပါဝင်ခဲ့တဲ့ အမျိုးသားတစ်ဦးကို တရားလိုပြ သက်သေအဖြစ် စစ်ဆေးခဲ့ပါတယ်။ ဒီအမှုအတွက် တရားလိုပြသက်သေ ၂၂ ဦး တင်ထားတယ်။ လက်ရှိမှာတော့ တရားလိုပြသက်သေ ၁၈ ဦးအထိ စစ်ဆေးပြီးပါပြီ။ ဒီနေ့ လက်နက်ဥပဒေပုဒ်မ ၁၉ (င) အမှုအတွက် တရားခံပြသက်သေတစ်ဦးကို စစ်ဆေးဖို့ ခေါ်ထားပေမယ့် လာရောက်နိုင်ခြင်း မရှိတဲ့အတွက် အဲဒီအမှုကို မစစ်ဆေးဖြစ်ဘူး”ဟု တရားလို၏ ရှေ့နေ ဦးကျော်လှက ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၉ ရက် ညပိုင်းတွင် သာကတေမြို့နယ် NLD ပါတီဝင်များသည် မော်တော်ယာဉ်များဖြင့် ပါတီစည်းရုံးရေး ဆောင်ရွက်၍ ပြန်လာခဲ့ပြီး မာန်ပြေ (၈) လမ်းထိပ် အရောက်တွင် မဲဆွယ်စည်းရုံးရာ၌ လိုက်ပါခဲ့သည့် ကိုလှဝင်းနှင့် ကိုမြင့်စိုးတို့ ကွမ်းယာဝင်ဝယ်စဉ် ကိုဇော်လတ် ရောက်ရှိလာပြီး ၎င်းအား ဦးစွာကွမ်းယာထုတ်ပေးရန် ပြောဆိုရာမှ ၎င်းတို့ စကားများကြကာ စတင်ခိုက်ရန် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ဖြစ်ပွားမှုကို ကိုအောင်ကျော်ကျော်က သွားရောက် ဖျန်ဖြေတားဆီးခဲ့ရာတွင် ကိုအောင်ကျော်ကျော်ကိုလည်း လက်သီးဖြင့် ထိုး၍ ခုံဖြင့် ရိုက်ရန်ရွယ်ကာ ဇော်လတ်မှာ ထွက်ခွာသွားကြောင်း၊ ခဏအကြာတွင် ဇော်လတ်မှာ ငှက်ကြီးတောင်ဓား ကိုင်ဆောင်၍ ၎င်းနှင့်အတူ ထက်ကို (ခ) ထက်အောင်လှိုင် နှင့် မျိုးမင်းခိုင်တို့က တုတ်များ ကိုင်ဆောင်ကာ အခင်းဖြစ်နေရာသို့ ရောက်ရှိလာပြီး ဆဲဆိုရန်မူခဲ့ကြသဖြင့် ဝင်ရောက်ဖျန်ဖြေပေးကြသော ဦးနိုင်ငံလင်း၊ ဦးကျော်သူနှင့် ဒေါ်သန္တာမော်တို့တွင် ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကိုဇော်လတ် (ခ) အောင်ဇော်လတ်၊ ကိုထက်ကို (ခ) ထက်အောင်လှိုင်နှင့် ကိုမျိုးမင်းခိုင်တို့ သုံးဦးအား သာကေတမြို့နယ် တရားရုံးတွင် ပုဒ်မ- ၃၂၆/ ၃၂၃/၂၉၄ တို့ဖြင့် တရားစွဲဆိုထားပြီး ၎င်းတို့အနက် ကိုဇော်လတ် (ခ) အောင်ဇော်လတ် ကို လက်နက်ဥပဒေ ပုဒ်မ ၁၉ (င)ဖြင့် ထပ်တိုး တရားစွဲထားကြောင်း သိရသည်။လက်ရှိတွင် ဦးနိုင်ငံလင်းသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမူရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
