တရုတ်-မြန်မာနှစ်နိုင်ငံအကြား ကနဦး နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေးနှင့် နှစ်နိုင်ငံနယ်စပ်တွင် နယ်စပ်ဖြတ်ကျော် စစ်ဆေးရေးစခန်းများ တည်ဆောက်ရေးကိစ္စ ရပ်များအပါအဝင် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအား ဆွေးနွေးခဲ့ကြကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ၂၀၁၉ခုနှစ် မေလ ၉ ရက်နေ့က တာဝန်ထမ်းဆောင်မှု ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E Mr.Hong Liang အား နေပြည်တော်၊ ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
“တရုတ်သံအမတ်ကြီးနဲ့ တွေ့ဆုံချိန်မှာ နှစ်နိုင်ငံ နယ်စပ်မှာ နယ်စပ်ဖြတ်ကျော် စစ်ဆေးရေးစခန်း တည်ဆောက်ရေး ကိစ္စရပ်တွေနဲ့ မူဆယ်-မန္တလေး ရထားလမ်းသစ် တည်ဆောက်ရေးအတွက် ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုအခြေအနေတွေ အပါအဝင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ယင်းသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ဂျီအမ်အက်စ်ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ကနဦး နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေးနှင့် နှစ်နိုင်ငံ နယ်စပ်တွင် နယ်စပ်ဖြတ်ကျော်စစ်ဆေးရေးစခန်း တည်ဆောက်ရေး ကိစ္စရပ်များ၊ မူဆယ်-မန္တလေး ရထားလမ်းသစ် တည်ဆောက်ရေးအတွက် ဖြစ်မြောက်နိုင်စွမ်း လေ့လာမှု အခြေအနေများ၊ နှစ်နိုင်ငံအကြား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါရထားလမ်းသစ် ဖောက်လုပ်ရေးစီမံကိန်းအတွက် China Rail-way Group Limited (CREC) မှ မူဆယ်မြို့တွင် မြေနေရာနှင့် မြေဆီမြေသားများကို ကွင်းဆင်းစစ်ဆေးမှုမှုများ ပြုလုပ်ခြင်းကို ၂၀၁၉၊ ဇန်နဝါရီ ၅ ရက်မှစတင်ကာ ပြုလုပ်နေကြောင်း သိရသည်။
မန္တလေး-မူဆယ် ရထားလမ်းသစ် ဖောက်လုပ်ရေးစီမံကိန်းအတွက် (CREC) ၏ ကုန်ကျစရိတ်ကျခံမှုဖြင့် ဖြစ်မြောက်နိုင်ခြေလေ့လာမှု ဆောင်ရွက်ရန်အတွက် မြန်မာ့မီးရထားနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ China Rail-way Eryuan Engineering Group တို့သည် မူဆယ်-မန္တလေး ရထားလမ်းဖောက်လုပ်ရေး စီမံကိန်းသစ်အား ဖြစ်မြောက်နိုင်ခြေလေ့လာမှု (Feasibility Study) ဆောင်ရွက်ရန်အတွက် Memorandum of Understanding on Feasibility Study for Muse-Mandalay Railway Project အား MOU လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
တရုတ်နှင့် မြန်မာအစိုးရတို့ ပူးပေါင်းတည်ဆောက်မည့် မန္တလေး-မူဆယ်ရထားလမ်းသည် လမ်းခရီးအရှည်ဆုံး ရထားလမ်းကြောင်းတစ်ခုဖြစ်ပြီး ရန်ကုန်-မန္တလေးကားလမ်း ခရီးစဉ်ထက် နှစ်ဆပိုမိုမြန်ဆန်ကာ မူဆယ်-မန္တလေးရထား ခရီးစဉ် အချိန်သုံးနာရီခန့်သာ ကြာမြင့်မည်ဟု သိရသည်။
အဆိုပါ မူဆယ်-မန္တလေး ရထားလမ်းသစ်သည် ၄၃၁ ကီလိုမီတာရှည်လျားမည်ဖြစ်ပြီး၊ ကုန်နှင့်ခရီးသည်တင်ရန် ဘူတာ ခုနစ်နေရာ၊ ခရီးသည်တင်မည့် ဘူတာငါးနေရာရှိမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
