မေ ၈ ရက်ကဖြစ်ပွားခဲ့သည့်ဘားအံ (တောင်ကလေး)အကျဉ်းထောင်အတွင်းဆူပူ သောင်းကျန်းမူဖြစ်ပွားခဲ့သည့်အတွက် ပြည်နယ် ရဲတပ်ဖွဲ့ဝင်များက အပြင်စည်းလုံခြုံမှုကို ရယူထားရပြီးနောက် မေ ၁၀ ရက် နံနက်ပိုင်း တွင် တည်ငြိမ်မှုရှိလာပြီဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
“အဓိကသူတို့တောင်းဆိုတာက နိုင်ငံတော်သမ္မတရဲ့လွတ်ငြိမ်းသက်သာခွင့်ကို အကျဉ်းသားအားလုံးတန်းတူညီမျှရရှိစေဖို့သူတို့က တောင်းဆိုတာဖြစ်တယ်။ အဲဒီအတွက် ကျွန်တော်တို့ရဲတပ်ဖွဲ့အနေနဲ့ အကျယ်အကျယ်မဖြစ်ပွားဖို့ ဖျောင်းဖျပြောဆိုရတာပေါ့။
ထောင်အတွင်းမှာ တည်ငြိမ်စပြုနေ တယ်ဆိုပေမဲ့အပြင်စည်းလုံခြုံရေးကိုတော့မရုပ်သိမ်းသေးဘဲ အခြေအနေကိုစောင့်ကြည့် နေဆဲဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။
ဘားအံ (တောင်ကလေး) အကျဉ်း ထောင်ရှေ့တွင် ကရင်ပြည်နယ်မီးသတ်တပ် ဖွဲ့မှ မီးသတ်ယာဉ်နှစ်စီးဖြင့် အသင့်အနေအထား ထားရှိပြီးပြည်နယ်ရဲတပ်ဖွဲ့ဝင်အင်အား ၂၀ ကျော်လုံခြုံမှုရယူထားသော်လည်း အ ကျဉ်းထောင်အတွင်း၌ အေးဆေးတည်ငြိမ်စပြုနေပြီဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
